
၁၀. ၄. ၂၀၂၅
Written by Nay Moe
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် အပစ်ရပ်ပါ့မယ်ကြေညာထားတဲ့ NUG နဲ့ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ အဖွဲ့ဝင် AA တို့ဟာ ကိုယ့်ထုတ်ပြန်ချက် ကိုယ်ချိုးဖောက်ခံပြီး NUG နဲ့ AA ကို သစ္စာခံကြတဲ့ လက်အောက်ခံ ချင်းလက်နက်ကိုင် CB က ဖလမ်းမြို့ကို သိမ်းလိုက်ပြီလို့ ဧပြီ ၉ ရက်မှာ ဝန်ခံလာပါတယ်။
ချင်းညီနောင်စစ်ဆင်ရေး(Operation CB) အဖြစ် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့မှာ စတင်ကြောင်း ထုတ်ပြန်ခဲ့ပြီးတပ်မတော်ဘက်ကလည်း ခရလ (၂၆၈) တပ်ရင်း အင်အားအပြင် ၂၀၂၄ ဒီဇင်ဘာလမှာ ခလရ (၈၉) က စစ်ကူအင်အား (၁ဝဝ) ဝန်းကျင်၊ ၂၀၂၅ မတ်လမှာ တပ်မ (၇၇) လက်အောက်ခံ ခလရ (၃၉၁) မှ စစ်ကူအင်အား (၁၀၀) ခန့်နဲ့ အင်အားအကြိမ်ကြိမ် ထပ်မံဖြည့်တင်းခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း (၁၀၀၀) ကျော်နဲ့ အပြင်းအထန် ခုခံခဲ့ပေမဲ့လည်း ချင်းညီနောင်စစ်ဆင်ရေး ဖော်ဆောင်ပြီး (၅) လပြည့်တဲ့ ၂၀၂၅ ခုနှစ် ဧပြီလ ၉ ရက်နေ့မှာ ဖလမ်းမြို့ကို သိမ်းနိုင်ခဲ့တယ် ပြောပါတယ်။
NUG နဲ့ AA က အပစ်ရပ်မယ် ကြေညာချက်ဟာ လိမ်လည်မှုဖြစ်သလို လက်အောက်ခံ ချင်း PDF တွေကလည်း ဖလမ်းမြို့ကို ရအောင်တိုက်ခိုက်နေတာမှာ ပါဝင်ခဲ့တဲ့အဖွဲ့တွေက 96 Soldiers PDF, Anti-Fascist Internationalist Front (AIF), Burma National Revolutionary Army (BNRA), Burmese Revolutionary Technical Front (BRTF ယမ်းအဖွဲ့), Genwation 2 Army (GZA), Gant Revolution Force (GRF), Harmonious Northern Brothers (HNS), Kalay Revolution Force (KRF), Kalay Urban Guerrilla (Kalany UG), Myingyan Black Tiger (MBT), National Liberation Army (NLA), Revolution Ambulance Wolf (RAW Medical Team), Sagaing Federal Troop, Yaw Defense Force (YDF), Zo Army (ZA), ကလေးခရိုင် ပကဖနှင့် Drone အဖွဲ့တို့ ပါဝင်ခဲ့ကြတယ်ဆိုပါတယ်။
CB က ဒီလို ဖလမ်းကို သိမ်းနိုင်တာက AA ရဲ့ ခဲယမ်းလက်နက် ပံ့ပိုးမှုနဲ့ စစ်ရေးဆိုင်ရာ အကြံဉာဏ်တွေကြောင့်လို့ ဝန်ခံထားသလို ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် ဖော်ဆောင်ခဲ့တဲ့ ဖလမ်းမြို့ သိမ်းစစ်ဆင်ရေးအတွင်း သေဆုံးသွားတဲ့ PDF တွေလည်း အများကြီးရှိတယ်လို့ သိရပါတယ်။






