




၁၀.၄.၂၀၂၅
Written By Thandar
ဧပြီလ ၉ ရက်မှာ ကျရောက်တဲ့ ဆရာတော် အရှင်ကုမာရ@ဦးဇင်းဘီလူး မွေးနေ့မှာ သင်္ကန်းကျွန်းမြို့နယ်ရှိ သောတုဇန ရဟန်းသံဃာတော်တွေ၊ မယ်သီလတွေကိုဆွမ်းဆန်တော်လောင်းလှူခြင်းနဲ့ မရှိဆင်းရဲသား အခြေခံလူတန်းစားတွေ၊ ဆိုက္ကားသမားတွေကို အခြေခံစားကုန်တွေ လှူဒါန်းခြင်းအပြင် ငလျင်ဘေးသင့်ပြည်သူတွေအတွက် ဒေါ်လာတစ်သောင်းလှူဒါန်းခြင်းကို ရန်ကုန်မြို့ တာမွေလေးရပ်ကွက်ရှိ အလိုတော်ပြည့်ကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။
“ ဒီနေ့ကတော့ ဦးဇင်းရဲ့ မွေးနေ့ မွေးလ မွေးရက်တိုက်တဲ့နေ့ပါ။ ဦးဇင်းအနေနဲ့ အလိုတော်ဆရာတော်ဘုရားကြီး ဦးထိပ်ထားပြီးတော့ ဆရာတော်ကြီး တည်ထောင်ဖွင့်လှစ်ထားတဲ့ ကျောင်းရှိ သောတုဇနစာသင်သားတွေရယ်၊ သင်္ကန်းကျွန်းမြို့နယ်ရှိ သောတုဇန ရဟန်းသံဃာတော်တွေ၊ နောက် ကျိုက္ကဆံက မယ်သီလရှင်တွေကို၊ ဆိုက္ကာဆရာ အနှေးသမားတွေကို မရှိဆင်းရဲသား တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ တစ်နေ့ ၅ ထောင် တစ်သောင်းရဖို့က မလွယ်ဘူး။ တော် တော်ရုန်းကန်ရသူတွေကို အခြေခံစားကုန်နဲ့ ရဟန်းသံဃာကို ဆွမ်းဆန်စိမ်း လောင်းလှူတာပါ။ ငလျင်ဘေးသင့်ပြည်သူတွေအတွက်လည်း ပြည်ပ အလှူငွေဒေါ်လာတစ်သောင်းကို ကနဦးလှူဖြစ်ပါတယ် “လို့ အလိုတော်ဆရာတော်ဘုရားရဲ့ တပည့်ရင်း ဆရာတော်အရှင်ကုမာရ@ဦးဇင်းဘီလူးက မိန့်ပါတယ်။





အဆိုပါ အလှူအခမ်းအနားမှာတော့ အနုပညာရှင်တွေဖြစ်တဲ့ နိုင်လူ၊ သားဂန်း၊ စိုးရန်အောင်၊ စိန်လင်း၊ ဘုန်းလျှံ၊ ဥက္ကာကျော်၊ စိုးသီဟ၊ ဘေဘီမောင်၊ သံစဉ်မောင် စတဲ့သူတို့က တက်ရောက်ပြီးတော့ ဆွမ်းဆန်စိမ်း၊ ပဲအမျိုးမျိုး၊ ကော်ဖီ၊ ခေါက်ဆွဲခြောက်၊ ဘူးသီး၊ ဂေါ်ဖီ စတဲ့ အသီးအနှံတွေနဲ့ Royal D ကို လောင်းလှူခဲ့ကြပါတယ်။
ဆရာတော်ကလည်း မကြာခင်မှာ ငလျင်ဘေးသင့်ပြည်သူတွေကို ငွေကြေးတချို့ သွားရောက် လှူဒါန်းမှူတွေကို လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။