
၉.၄.၂၀၂၅
Written by MMAK
PSG VS အက်စတွန်ဗီလာ
မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပထမအကျော့ပွဲစဥ်တွေမှာ ချန်ပီယံလိဂ်ရဲ့ ဆရာကြီးဖြစ်တဲ့ ရီးရဲမက်ဒရစ်အသင်း ရှုံးနိမ့်ခဲ့သလို ဘိုင်ယန်အသင်းကလည်း အိမ်ကွင်းကစားခဲ့ရပေမဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီရာသီမှာ ချန်ပီယံလိဂ်ဖလားကို လုံးဝမရဖူးသေးတဲ့ အာဆင်နယ်အသင်းနဲ့ PSG အသင်းတို့ထဲက တစ်သင်းသင်း ရစေချင်ပြီး စာရေးသူရဲ့ သုံးသပ်ချက်အရ PSG အသင်းက ဖလားရသွားမယ်လို့ ထင်ပါတယ်။ PSG အသင်းရဲ့ အိမ်ကွင်းမှာ လီဗာပူးလိုအသင်းကို ဘာမှလုပ်မရအောင် ကစားပြနိုင်တဲ့ ခြေစွမ်းမျိုးကို အခုကစားမဲ့ ဗီလာအသင်းနဲ့ ပွဲစဥ်မှာ ထပ်တွေ့ရမယ်လို့ ထင်ပါတယ်။ ဗီလာအသင်းကလည်း ခြေစွမ်းကောင်းနေသလို နည်းပြအမ်မရီကလည်း ဥရောပဖလားတွေနဲ့ အကျိုးပေးတတ်ပေမဲ့ အခုကစားမဲ့ အဝေးကွင်းပွဲမှာတော့ အရှုံးနဲ့ အိမ်ပြန်ရဖို့များပါတယ်။ ဒီပွဲစဥ်မှာ အိမ်ရှင် PSG အသင်းက ဘော်ဒီကြေး တစ်လုံးသုံးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်အရှုံး ပေးထားပါတယ်။ PSG အသင်းရဲ့ ဘော်ဒီကြေးက လိုအပ်တာထက် ပိုမိုပြင်းရှနေတာမျိုးတွေ့ရပြီး ဗီလာလိုအသင်းကို တစ်လုံးနှစ်ဆယ်စားလောက်ပေးရင်ကို ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပေါက်ကြေးမျိုးဖြစ်ပေမဲ့ အခုကြေးက ပြားငါးဆယ်လောက် မြင့်နေတယ်လို့ ထင်ပါတယ်။ တစ်လုံးသုံးဆယ်အရှုံးဆိုတဲ့ ပေါက်ကြေးက အိမ်ရှင် PSG အသင်း အနိမ့်ဆုံးတစ်ဂိုးအသာနဲ့ အနိုင်ရမယ်လို့ သုံးသပ်ရမှာဖြစ်ပါတယ်။ ဂိုးပေါင်းကြေးကို ကြည့်မယ်ဆိုရင်တော့ ဘော်ဒီကြေးမြင့်မားမှုကို လိုက်ပြီးတော့ ဂိုးပေါင်းကြေးကို မြှင့်ထားတယ်လို့ ထင်ပါတယ်။ ခံစစ်အားပြုကစားလာမဲ့ ဗီလာအသင်းကို PSG အသင်းရဲ့ တိုက်စစ်က ဂိုးရနိုင်ပေမဲ့ ဂိုးပေါင်းကြေး အောင်ဖို့အတွက်ဆိုရင် PSG အသင်းက ဂိုးများများသွင်းနိုင်မှ ဂိုးပေါင်းကြေး အောင်မယ်လို့ ထင်ပါတယ်။ ဒီအတွက်ကြောင့် PSG ဘော်ဒီကို ရွေးချယ်ခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်။
ဘာစီလိုနာ Vs ဒေါ့မွန်

ဒီရာသီမှာ ခြေစွမ်းကောင်းနေတဲ့ ဘာစီလိုနာအသင်းကိုလည်း ချန်ပီယံလိဂ်ဖလား ရယူနိုင်တဲ့ အသင်းတစ်သင်းအဖြစ် သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ အုပ်စုအဆင့်ပွဲစဥ်မှာ တွေ့ဆုံခဲ့ကြပြီး အဝေးကွင်းလာကစားရတဲ့ ဘာစီလိုနာအသင်းက အနိုင်ရသွားပါတယ်။ ဒီရာသီမှာ ဒေါ့မွန်အသင်းက ဂျာမာန်ဘွန်ဒက်လီဂါမှာ ရုန်းကန်နေရသလို ချန်ပီယံလိဂ်မှာလည်း ကံကောင်းလို့ ဒီအဆင့်ကိုရောက်လာတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ လူငယ်ကစားသမားတွေရဲ့ ခြေစွမ်းပြမှုနဲ့ နည်းပြဟန်ဆီဖလစ်ရဲ့ ဘာစီလိုနာအသင်းကတော့ ရှုံးပွဲမရှိတာ သုံးလကျော်နေပြီဖြစ်သလို ချန်ပီယံလိဂ်မှာလည်း အရမ်းကောင်းတဲ့ ခြေစွမ်းမျိုးနဲ့ ဒီအဆင့်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဒီပွဲစဥ်မှာ အိမ်ရှင်ဘာစီလိုနာအသင်းက ဘော်ဒီကြေး နှစ်လုံးငါးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး လေးလုံးကိုးဆယ်စား ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ ဘော်ဒီကြေးက ပြားငါးဆယ်လောက် ပိုများနေပြီး တစ်လုံးအရှုံးလောက်ပေးရင်ကို လုံလောက်တယ်လို့ ထင်ပါတယ်။ ဂိုးပေါင်းကြေးကို ကြည့်မယ်ဆိုရင်တော့ ပြားငါးဆယ်လောက် လျော့နေတာကို တွေ့ရပြီး ဒီဂိုးပေါင်းကြေးက ဒေါ့မွန်အသင်း တစ်ဂိုးထက်ပိုမရနိုင်ဘူးလို့ သုံးသပ်ရမှာဖြစ်ပြီး ဂိုးရဖို့တောင် ခက်မယ်လို့ ထင်ပါတယ်။ ဘော်ဒီကြေးနဲ့ ဂိုးပေါင်းကြေး မမျှတတဲ့ ဒီပွဲစဥ်မှာ ဒေါ့မွန်အသင်းက ဂိုးမရနိုင်ဘဲ အိမ်ရှင်ဘာစီလိုနာအသင်းက ကပ်နိုင်သွားမယ်လို့ ယူဆထားတာကြောင့် ဂိုးအောက်ရွေးချယ်မှုက အကောင်းဆုံး ဖြစ်ပါတယ်။