



၉.၄.၂၀၂၅
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံမြောက်ပိုင်းရှိ ဟဲဘေး (Hebei) ပြည်နယ်အတွင်းမှာရှိတဲ့ ဘိုးဘွားရိပ်သာတစ် ခုမှာ ဧပြီလ ၈ ရက်က မီးလောင်မှုတစ်ရပ်ဖြစ်ခဲ့လို့ လူ ၂၀ ဦး သေဆုံးခဲ့ရတယ်လို့ နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဧပြီလ ၉ ရက်မှာ သတင်းဖော်ပြခဲ့ပါတယ်။
မီးက မြို့တော်ပေကျင်းရဲ့ အရှေ့မြောက်ဘက် ကီလိုမီတာ ၁၈၀ အကွာရှိ လုံဟွာခရိုင်အတွင်းက ဘိုးဘွားရိပ်သာတစ်ခုမှာ ဧပြီလ ၈ ရက် ညပိုင်းက စတင်လောင်ကျွမ်းခဲ့တာလို့ ဆင်ဟွာကဆိုပါတယ်။ဧပြီလ ၉ ရက် နံနက်ခင်းအထိတော့ လူ ၂၀ ဦးသေဆုံးခဲ့ရတယ်လို့ သတင်းမှာဖော်ပြခဲ့ပါတယ်။
ဘိုးဘွားရိပ်သာအတွင်းရှိ အခြားသော သက်ကြီးရွယ်အိုတွေကိုတော့ အနီးရှိဆေးရုံတစ်ရုံကိုပို့ပြီး ပြုစု စောင့်ရှောက်မှုနဲ့ ကုသမှုပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။ မီးလောင်ရခြင်းရဲ့အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးဆဲဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာအဆောက်အအုံတည်ဆောက်မှုစည်းကမ်းတွေ လျော့ရဲမှုနဲ့ လုပ်ငန်းခွင်လုံခြုံစိတ်ချရမှုအပေါ် များစွာအလေးမထားမှုတို့ကြောင့် မီးလောင်မှုတွေက မကြာခဏဆိုသလို ဖြစ်ပွားတတ်ပါတယ်။
Ref- Xinhua