
၉. ၄. ၂၀၂၅
Written by Nay Moe
မြန်မာနိုင်ငံအတွင်းမှာ နေထိုင်နေရင်း နယ်မြေလုတိုက်ပွဲလုပ်ဆောင်ချိန်မှာ တိုက်ပွဲအတွင်းသေဆုံးတဲ့ တရုတ်ကိုးကန့်လက်နက်ကိုင်တွေအတွက် ဂုဏ်ပြုပွဲကို ဧပြီ ၇ ရက်က လောက်ကိုင်မြို့မှာ ပြုလုပ်ခဲ့တယ်လို့ MNDAA ရဲ့ မီဒီယာ The Kokang က ဖော်ပြထားပါတယ်။









အပစ်အခတ်ရပ်ထားပေမဲ့ အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားခံရဆဲ MNDAA လက်နက်ကိုင်အဖွဲ့ရဲ့ ခေါင်းဆောင် ဖုန်တာ့ရွှင်ဟာလည်း လောက်ကိုင်က ရန်လုံကျိုင်းသင်္ချိုင်းမှာလုပ်ခဲ့တဲ့ ဒီပွဲကို ကျန်းမာရေးမကောင်းမွန်တဲ့ပုံစံနဲ့ တက်ရောက် လာခဲ့ပြီး သေဆုံးကုန်တဲ့ MNDAA လက်နက်ကိုင်တွေရဲ့ မိသားစုတွေအပါအဝင် လူ ၂၀၀၀ လောက် တက်ရောက်တယ်လို့ သိရပါတယ်။
တရုတ်ရိုးရာသင်္ချိုင်းကန်တော့ပွဲနေ့အတွက် ပြုလုပ်တဲ့ ဒီပွဲမှာ ၁၀၂၇ စစ်ဆင်ရေးအတွင်း သေဆုံးကုန်တဲ့ တရုတ်ကိုးကန့်လက်နက်ကိုင်တွေကိုလည်း သူရဲကောင်းဘွဲ့ ချီးမြှင့်ကာ သေနတ်ပစ်ဖေါက် ဂုဏ်ပြုခဲ့တယ်လို့ ဆိုပါတယ်။
Ref, Photo – The Kokang