
၈.၄.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊၁၆၈ ရပ်ကွက်၊ ကနောင်မင်းသားကြီးလမ်းရှိ နေအိမ်တစ်လုံးတွင် ဆယ်ကျော်သက် ပထွေးဖြစ်သူ ရိုက်နှက်သဖြင့် အသက်ငါးနှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးမှု ဧပြီလ ၈ ရက် ညနေ ၄ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
ဖြစ်စဥ်တွင် အသက် ၁၉ နှစ်အရွယ် ပထွေးတော်စပ်သည့် သူရိန်လင်းက ၎င်း၏ဇနီးတွင် ပါလာသောသားဖြစ်သူ အသက် ငါးနှစ်အရွယ် မောင်ကောင်းထက်ဇော်ကို ရိုက်နှက်ခဲ့ခြင်းဖြစ်ပြီး ကလေးငယ်တွင် ဒဏ်ရာများစွာရရှိကာ သေဆုံးခဲ့သည်။
ယခုတွင် သေဆုံးသူကလေးငယ်၏ ရုပ်အလောင်းကို သင်္ဃန်းကျွန်းစံပြဆေးရုံ ပို့ဆောင်ထားကြောင်း သိရပြီး ကလေးငယ်ကို သေဆုံးအောင်ရိုက်နှက်ခဲ့သော သူရိန်လင်းကို ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းက အမှုဖွင့် အရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။