
၈.၄.၂၀၂၅
Translated by Htwe Ko Tun
တရုတ်အစိုးရက ဧပြီလ ၉ ရက်မှစလို့ အမေရိကန်နိုင်ငံမှသွင်းကုန်တွေအပေါ် လက်တုံ့ပြန်အခွန် ကောက်ခံမယ်ဆိုတာတွေကို မရုပ်သိမ်းရင် တရုတ်မှသွင်းကုန်တွေအပေါ်မှာလည်း သူ့အနေနဲ့ အထူးကုန်သွယ် စည်းကြပ်ခွန်တွေ ပြဌာန်းရလိမ့်မယ်လို့ အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရန့်က ဧပြီလ ၇ ရက်က ပြောခဲ့ပါတယ်။
Truth လူမှုကွန်ရက်မှာတင်ခဲ့တဲ့ပို့စ်တစ်ခုမှာ ထရန့် က တရုတ်အနေနဲ့ ဧပြီလ ၉ ရက်မှစလို့ ကုန်သွယ်ခွန် ၃၄ ရာခိုင်နှုန်းထိ တိုးမြှင့်ကောက်ခံမယ်ဆိုတာကို မရုပ်သိမ်းခဲ့ရင် အမေရိကန်ပြည်ထောင်စုကလည်း တရုတ်နိုင်ငံမှသွင်းကုန်တွေကို ၅၀ ရာခိုင်နှုန်းထိ ထပ်လောင်းကောက်ခံပြီး ဧပြီလ ၉ ရက်မှာ စတင် အသက်ဝင်မယ်ပြောခဲ့ပါတယ်။
ဒါ့ပြင် ပို့စ်မှာ “တရုတ်နိုင်ငံရဲ့ တောင်းဆိုချက်အရ ပြုလုပ်နေတဲ့ ဆွေးနွေးပွဲတွေအားလုံးကို ရပ်ဆိုင်းသွားမှာ ဖြစ်တယ်။ တခြားနိုင်ငံတွေနဲ့တော့ ညှိနှိုင်းဆွေးနွေးပွဲတွေရော၊ ဆွေးနွေးမှုတွေရောချက်ချင်းစတင်သွားမှာပါ။ ဒီကိစ္စကို အလေးထားကြတာကျေးဇူးတင်ပါတယ်”လို့ ဖော်ပြခဲ့ပါတယ်။
တရုတ်အစိုးရဘက်က အမေရိကန်မှသွင်းကုန်တွေအပေါ် အခွန် ၃၄ ရာခိုင်နှုန်းစည်းကြပ်မယ်လို့ တုံ့ပြန်ခဲ့အပြီးမှာ သမ္မတ ထရန့်ကလည်း ခုလို ပြန်လည်ပြဌာန်းခဲ့ပြန်တာဖြစ်ပါတယ်။ ဧပြီလ ၂ ရက်မှာ ထရန့်က တရုတ်မှသွင်းကုန်တွေအပေါ်ကုန်သွယ်စည်းကြပ်ခွန် ၃၄ ရာခိုင်နှုန်းထပ်မံတိုးမြှင့်ခဲ့တာကြောင့် တရုတ်နိုင်ငံမှ သွင်းကုန်တွေအပေါ် စုစုပေါင်းစည်းကြပ်ခွန် ၅၄ ရာခိုင်နှုန်းထိဖြစ်လာပါတယ်။
အမေရိကန်မှ တရုတ်သို့ တင်ပို့ကုန်တွေအပေါ် ကုန်သွယ်စည်းကြပ်ခွန်တွေ မကောက်ခံဖို့ အမေရိကန် အစိုးရက တရုတ်အစိုးရကို သတိပေးခဲ့ပြီး တရုတ်ကသာ ကောက်ခံနေတဲ့အခွန်တွေလျှော့မပေးဘူးဆိုရင် အမေရိကန်အစိုးရဘက်က ကုန်သွယ်စည်းကြပ်ခွန်တွေပြဌာန်းရလိမ့်မယ်လို့ သတိပေးခဲ့တယ်လို့လည်း သိရပါတယ်။
ဧပြီလ ၇ ရက် နံနက်မှာတော့ာ တရုတ်အစိုးရက အမေရိကန်ဟာ “တစ်ဖက်သတ်ဝါဒ၊ ကိုယ့်ကိုယ်ကိုယ် အကာအကွယ်ပေးရေးဝါဒနဲ့ စီးပွားရေးအနိုင်ကျင့်မှု” တို့ကို နိုင်ငံအများအပြားအပေါ် အခွန်စည်းကြပ်မှု ပြုလုပ်ပြီး ပြသခဲ့တယ်လို့ တရုတ်အစိုးရက ပြောကြားခဲ့ပါတယ်။
Ref , Hindustan Times