
MT News
၈. ၄. ၂၀၂၅
တရုတ်နိုင်ငံမှ ပရဟိတဆရာဝန်များနှင့်ဖွဲ့စည်းထားသော ကယ်ဆယ်ကုသရေးအဖွဲ့သည် မနက်ဖြန် ဧပြီလ ၉ ရက်နေ့ မနက် ၉ နာရီမှ ၁၂ နာရီအထိ၊ ညနေ ၂ နာရီခွဲမှ ၅ နာရီခွဲအထိ မန္တလေးမြို့ရှိ ဖူကျင်ဗုဒ္ဓဘာသာဘုရားကျောင်းတွင် အခမဲ့ဆေးကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။



ဆယ်ရက်ခန့် အခမဲ့ကုပေးမည့် ပညာရှင်များသည် ပေကျင်းမြို့နှင့် တရုတ်နိုင်ငံအနှံ့မှ အဆင့်မြင့်ဆေးရုံကြီးများ(Grade-A Tertiary အဆင့်) မှ အကြီးတန်းဆရာဝန်ကြီးများနှင့် ဒုတိယအကြီးတန်းဆရာဝန်ကြီးများဖြစ်ကြပြီး ဆရာဝန်ကြီးများ၏ အထူးကုဘာသာရပ်များမှာ အထွေထွေ(နှလုံးသွေးကြော၊ အသက်ရှူလမ်းကြောင်း၊ အစာအိမ်၊ အာရုံကြော) အရိုး၊ သားဖွားမီးယပ်၊ ခွဲစိတ်(နှလုံးသွေးကြော၊ အသက်ရှူလမ်းကြောင်း၊ အစာအိမ်၊ အာရုံကြောနှင့် မေ့ဆေး စသည့်တို့ဖြစ်ပြီး ကျန်းမာရေးအကြံပေးခြင်း၊ ဒဏ်ရာပြုစုကုသခြင်း၊ သားဖွားမီးယပ်စစ်ဆေးခြင်း၊ ဆေးဝါးဆိုင်ရာအကြံပေးခြင်း၊ CT ရိုက်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ ECG ရိုက်ခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်သည်။
လိုအပ်သူများအနေဖြင့် မန္တလေးမြို့၊ ဖူကျင်ဗုဒ္ဓဘာသာဘုရားကျောင်း (၃၀ လမ်း၊ ၈၂-၈၃ လမ်းကြား)သို့ လာရောက်ပြီး ကျန်းမာရေးဆွေးနွေးပြသနိုင်သည်ဟု သိရပြီး ယနေ့တွင် ဆေးပညာရှင်အဖွဲ့ စတင်ရောက်ရှိကာ စတင်ကုသမှုပြုလုပ်ပေးနေပြီဖြစ်သည်။