
၈.၄.၂၀၂၅
Written By Thandar
ပရိသတ်ချစ်ခင်မှုများစွာရရှိထားတဲ့ အနုပညာရှင်ဇနီးမောင်နှံဖြစ်တဲ့ အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်တို့ မိသားစုက မန္တလေးဆေးရုံကြီးရှိ ငလျင်ဘေးသင့်ပြည်သူတွေကို ငွေကြေးလှူဒါန်းရင်း အားပေးနှစ်သိမ့်ခဲ့ပါတယ်။
“မန္တလေးဆေးရုံကြီးက ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရှိသူ လူနာတွေကို ဘယ်လိုနေသေးလဲ။ သက်သာသွားမှာပါ။ အားလုံး အားတင်းထားကြပါတယ်။ ဖိုက်တင်းပါ။ နည်းနည်းလောက် ပျော်သွားတယ်ဆိုရင်ပဲ ကျေနပ်ပါတယ်။ စိတ်က အဓိကပဲ စိတ်ချမ်းသာဖို့ပဲ လိုတာပါ။ ကျန်တာတွေ မကြာခင် ပြန်ကောင်းသွားမှာပါ။ အချိန်လေးပဲနော် ဆုတောင်းပေးနေပါတယ်” လို့ အကယ်ဒမီ ပြေတီဦးက အားပေးစကားပြောခဲ့ပါတယ်။






သူတို့မိသားစု လာရောက်အားပေးချိန်မှာ မင်းသားပြေတီဦးကို လူနာရှင်ရဲ့ မိခင်က ဖက်နမ်းခဲ့ပြီး ပျော်နေကြပါတယ်။ သမီးလေးပြေသုဒြာကိုလည်း ဆေးရုံကြီးရှိ ပရိသတ်တွေ တွဲဖက်အမှတ်တရပုံတွေလည်း ရိုက်ခဲ့ကြပါတယ်။ မန္တလေးဆေးရုံကြီးနဲ့ အမရပူရမြို့တွေက လူနာတွေကို ကျပ် ၂သိန်းနှုန်းနဲ့ ပေးအပ်လှူဒါန်းခဲ့ကြပါတယ်။
“အမြန်ဆုံးပျောက်သွားမှာပါ ဆုတွေလည်း တောင်းပေးမှာပါ။ သက်သာသွားမှာပါ”လို့ အိန္ဒြာကျော်ဇင်က ပရိသတ်တွေကို နှစ်သိမ့်ပေးခဲ့ပါတယ်။