MT News
ဗီယက်နမ်သမ္မတ ငုယင်စွမ်းဖု အား ဇန်နဝါရီ ၁၇ ရက်တွင် တာဝန်မှအနားပေးခဲ့ပြီးနောက် လစ်လပ်နေသော သမ္မတနေရာအတွက် ဒုတိယသမ္မတ ဗိုသီအန်ချွန်း(Vo Thi Anh Xuan)အား အမျိုးသားလွှတ်တော်က ဇန်နဝါရီ ၂၀ ရက်တွင် ယာယီသမ္မတအဖြစ် ခန့်အပ်ခဲ့ကြောင်းသိရသည်။
ဗီယက်နမ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျိုးသားလွှတ်တော်သည် နိုင်ငံကို ပြည်တွင်းရေးနှင့်ပြည်ပရေးရာများတွင် ကိုယ်စားပြုသည့် သမ္မတကို မဲပေးရွေးချယ်ရသည်။ အကယ်၍ သမ္မတနေရာလစ်လပ်မှုရှိပါက အမျိုးသားလွှတ်တော်က တရားဝင်မဲပေးခန့်အပ်ခြင်းမပြုမီ ဒုတိယသမ္မတက သမ္မတ၏ ရာထူးတာဝန်များကို ယာယီသမ္မတအဖြစ် ထမ်းဆောင်သွားရမည်ဖြစ်သည်။
ဗိုသီအန်ချွန်းကို ဒုတိယသမ္မတအဖြစ် ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် ရွေးချယ်ခန့်ထားခဲ့ပြီး အသက် ၅၃ နှစ်ရှိကာ ဗီယက်နမ်ကွန်မြူနစ်ပါတီ ၁၂ ကြိမ်နှင့် ၁၃ ကြိမ် ဗဟိုကော်မတီဝင်တစ်ဦးလည်းဖြစ်သည်။
ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ မှထုတ်ပြန်သောကြေညာချက်အရ သမ္မတဟောင်း ငုယင်စွမ်းဖု ကို အနားပေးမှုသည် ဒုတိယဝန်ကြီးချုပ်နှစ်ဦးနှင့် ဝန်ကြီးသုံးဦးအပါအဝင် ၎င်း၏လက်ထောက်များအားဆိုးရွားသောအကျိုးဆက်များဖြစ်စေခဲ့သည့် စည်းကမ်းဖောက်ဖျက် အဂတိလိုက်စားမှုများကို ခွင့်ပြုခဲ့သောကြောင့် တာဝန်ရှိ၍ဟု ဖော်ပြခဲ့သည်။
Ref—- Xinhyua