
၇.၄.၂၀၂၅
Photo by Ye Kyaw
ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့တွင်း မြို့နယ်အချို့၌ အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့သည်။
ဧပြီလ ၇ ရက် ယနေ့ နံနက် ၇ နာရီအချိန် ထုတ်ပြန်ချက်အရ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့တွင် နေရာကျဲကျဲနှင့် တနင်္သာရီတိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦစီးဌာနမှ ထုတ်ပြန်ထားသည်။
နောက်နှစ်ရက်အတွင်းလည်း အဆိုပါ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် မိုးဆက်လက်ရွာသွန်းနိုင်ပြီး ရွာရန်ရွာနှုန်း ၈၀ ရာခိုင်နှုန်းရှိကြောင်း အသိပေးထားသည်။






