




၆.၄.၂၀၂၅
Written By Thandar
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ငလျင်ဒဏ်သင့် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းတွေ
နဲ့ ပျဉ်းမနားဘက်က အုပ်ချုပ်ရေးရုံးမှတစ်ဆင့်လိုအပ်သူတွေကို Royal D၊ ခေါက်ဆွဲတွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးအနေနဲ့ ငလျင်ဘေးသင်တဲ့ နေပြည်တော်က ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းတွေလည်း ငလျင်ဘေးကြောင့် အခက်အခဲဖြစ်နေသူတွေကို Royal D၊ ခေါက်ဆွဲခြောက်တွေကို လှူဒါန်းခဲ့ပါတယ်။ နောက် ပျဉ်းမနားဘက်ကိုလည်း အုပ်ချုပ်ရေးမှူးတွေနေ တစ်ဆင့်လှူဒါန်းခဲ့ပါတယ်။ ငလျင်ကြောင့် ထိခိုက်ဆုံးရှုံးမှုတွေကြည့်ပြီးတော့ တော်တော်လေး စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော့်အနေနဲ့ တကယ်လိုအပ်နေတဲ့ နေရာတွေကိုလည်း သေချာလေး ထပ်မံလှူဒါန်းသွားဖို့ စီစဉ်နေပါတယ် “လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက MT Entertainment ကို ပြောပါတယ်။
အဆိုပါ လှူဒါန်းမှုမှာတော့ အနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီ အောင်ခိုင်၊ မိုးယံဇွန်၊ ဟန်သီ၊ ရုပ်ရှင်အစည်းအရုံးက ဒုတိယဥက္ကဋ္ဌနဲ့ အမှူဆောင်တွေ၊ ရန်ကုန် ဗီဒီယိုခြေခံအဖွဲ့ စတဲ့သူတွေ ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ကြတာပါ။
ဧပြီလ ၅ ရက်နေ့က နေပြည်တော်ကောင်စီနယ်မြေ၊ သဘာဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့နဲ့ ပျဉ်းမနားမြို့နယ်အတွင်းရှိ ငလျင်ဒဏ်သင့်သူများအတွက် ပျဉ်မနားမြို့နယ်အုပ်ချုပ်ရေးရုံးမှတစ်ဆင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက Royal D ၊ ခေါက်ဆွဲခြောက်တို့ကိုသွားရောက်လှူဒါန်းခဲ့တာပါ။