
၆.၄. ၂၀၂၅
Written by MMAK
ဖူဟမ် Vs လီဗာပူး
စနေညမှာ ဒုတိယနေရာက အာဆင်နယ်အသင်းက သရေကျခဲ့တာကြောင့် လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ဖလားရဖို့အတွက် သေချာသလောက် ရှိနေပြီလို့ ပြောလို့ရပါတယ် ။ အာဆင်နယ်အသင်းက အမှတ်ကွာလွန်းတဲ့ အခြေအနေကြောင့် ပရီးမီးယားလိဂ်ဖလားကို လက်လွှတ်လိုက်တဲ့ ပုံစံမျိုးတောင် တွေ့ခဲ့ရပါတယ် ။ ဒီပွဲစဥ်မှာ လီဗာပူးအသင်းက သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်စားဖြစ်ပါတယ် ။ လီဗာပူးအသင်းကို လူကြိုက်များလာနိုင်တဲ့အခြေအနေမှာ ပေါက်ကြေးက နေချင်စရာကောင်းလွန်းနေပါတယ် ။ အပေါ်မှာပြောခဲ့သလို လီဗာပူးအသင်းက ဖလားရဖို့ သေချာသလောက်ရှိနေပြီဖြစ်တာကြောင့် ဒီပွဲသရေကျသွားရင်တောင် ဘာမှမဖြစ်ပါဘူး ။ ဖူဟမ်အသင်းရဲ့ခြေစွမ်းကိုကြည့်မယ်ဆိုရင်လည်း နောက်ဆုံးလေးပွဲမှာ သုံးပွဲအထိရှုံးထားတဲ့ ခြေစွမ်းက အားရစရာမကောင်းပါဘူး ။ လီဗာပူးအသင်းအနေနဲ့ ပေါက်ကြေးကို ဒီထပ်ပိုပြီးပေးလို့ရပေမဲ့ ကြေးကမူမမှန်ပါဘူး ။ လူကြိုက်များလာနိုင်တဲ့ လီဗာပူးအသင်းကို ငြင်းပယ်ရမှာဖြစ်ပြီး အိမ်ရှင်ဖူဟမ်အသင်း သရေရသွားနိုင်တာကြောင့် ဖူဟမ်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ် ။
ဘရန့်ဖို့ Vs ချဲလ်ဆီး
ဘရန့်ဖို့အသင်းက အမှတ်လိုအပ်ချက် မရှိတော့ဘူးဆိုပေမဲ့ ချဲလ်ဆီးအသင်းကတော့ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့အတွက် ရမှတ်လိုနေပါတယ် ။ ချဲလ်ဆီးတိုက်စစ်က နောက်ဆုံးလေးပွဲမှာ သုံးဂိုးသာ သွင်းနိုင်ခဲ့ပေမဲ့ မာဒူကီနဲ့ ဂျက်ဆန်တို့ပြန်လည်ပါဝင်လာနိုင်တာကြောင့် သွင်းဂိုးတွေ ပိုရနိုင်ခြေ ရှိပါတယ် ။ ဘရန့်ဖို့အသင်းကလည်း နောက်ပိုင်းပွဲစဥ်တွေမှာ ခြေစွမ်းအရမ်းကောင်းနေတာမျိုးမဟုတ်ဘဲ သာမာန်အနေအထားမှာပဲ ရှိပါတယ် ။ ဒီပွဲစဥ်မှာ ချဲလ်ဆီးက ဘော်ဒီကြေး ပြားခုနစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်အရှုံးဖြစ်ပါတယ် ။ ဘော်ဒီကြေးအနည်းငယ်မြင့်တက်လာသလို ဂိုးပေါင်းကြေးကလည်း ပြင်းရှတယ်လို့ သုံးသပ်ရမှာဖြစ်ပြီး နှစ်သင်းလုံးဂိုးရနိုင်တဲ့အခြေအနေမျိုးတွေ့ရပါတယ် ။ ချဲလ်ဆီးအသင်းက ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် အနိုင်ရလဒ်ကို ဦးတည်ကစားမှာဖြစ်သလို အိမ်ရှင်ဘရန့်ဖို့အသင်းကလည်း တိုက်စစ်အသားပေးကစားတတ်တာကြောင့် တစ်ဖက်တစ်ဂိုးစီကနေ စကြည့်ရမှာဖြစ်ပါတယ် ။ အနိမ့်ဆုံး သုံးဂိုးလောက်ထိ မြင်တွေ့ရနိုင်တာကြောင့် ပြားသုံးဆယ်နဲ့ အပြည့်စားနဲ့ရင်းရမယ်လို့ထင်ပါတယ် ။ နှစ်သင်းလုံးဂိုးရနိုင်တဲ့အတွက်ကြောင့် ဂိုးပေါ်ရွေးချယ်မှုက အကောင်းဆုံးဖြစ်ပါတယ် ။
စပါး Vs ဆောက်သမ်ပ်တန်
စပါးအသင်းက နောက်ဆုံးနှစ်ပွဲဆက် ရှုံးနိမ့်ထားသလို ရလဒ်တွေ ဆက်တိုက်ဆိုးနေတဲ့အပြင် နောက်ပွဲကလည်း ဖရန့်ဖတ်အသင်းနဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲ ကစားရဖို့ရှိပါတယ် ။ တန်းဆင်းရဖို့ သေချာသလောက်ရှိနေတဲ့ ဇယားအောက်ဆုံးက ဆောက်သမ်ပ်တန်အသင်းနဲ့တွေ့နေချိန်မှာ ယုံကြည်မှု ပြန်ရနိုင်တဲ့ ဂိုးပြတ်နိုင်ပွဲကို ဖန်တီးထားဖို့လိုပါတယ် ။ ဒီပွဲစဥ်မှာ စပါးအသင်းက ဘော်ဒီကြေး တစ်လုံးငါးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်အရှုံးဖြစ်ပါတယ် ။ စပါးအသင်းအနေနဲ့ ဒီအသင်းကိုမှ အနိုင်ရအောင်မကန်နိုင်ရင် ဖိအားတွေအောက်ကို ရောက်ရှိသွားမှာဖြစ်တာကြောင့် အိမ်ကွင်းနိုင်ပွဲပြန်ရအောင် ကစားထားသင့်ပါတယ် ။ တစ်လုံးငါးဆယ်အရှုံးဆိုတဲ့ ပေါက်ကြေးမှာ စပါးအသင်း အနိမ့်ဆုံးတစ်ဂိုးလောက်နဲ့ အနိုင်ရသွားနိုင်ပြီး ပြားငါးဆယ်အရှုံးနဲ့ အပြည့်အနိုင်နဲ့ကြည့်ရမယ်လို့ ထင်ပါတယ် ။ ဒီပွဲစဥ်မှာတော့ အိမ်ရှင်စပါးအသင်းကို ရွေးချယ်ရမှာ ဖြစ်ပါတယ် ။





မန်ယူ Vs မန်စီးတီး
တနင်္ဂနွေညအတွက် ပရိတ်သတ်စိတ်ဝင်စားမှုအများဆုံး မန်ချက်စတာဒါဘီပွဲဖြစ်ပါတယ် ။ မန်စီးတီးအသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် ကြိုးစားနေမှုကို အိမ်ရှင်မန်ယူအသင်း တားဆီးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ် ။ မန်ယူအသင်းက အမှတ်မလိုဘူးဆိုပေမဲ့ ဒါဘီပြိုင်ဘက်ဖြစ်တဲ့ မန်စီးတီးအသင်းကို ဒုက္ခကောင်းကောင်းပေးလာနိုင်ပါတယ် ။ ဟာလန်းမပါနိုင်သလို နောက်တန်းကစားသမားတွေ ဒဏ်ရာရနေတဲ့ မန်စီးတီးအသင်းအနေနဲ့ အဝေးကွင်းမှာ အနိုင်ရအောင်ကစားနိုင်ဖို့ ခက်ခဲနိုင်တယ်လို့ ယူဆထားပြီး ဒဏ်ရာပြဿနာရှိနေတဲ့ မန်စီးတီးနောက်တန်းက ဂိုးပေးရဖို့များပါတယ် ။ ဒီပွဲစဥ်မှာ မန်စီးတီးအသင်းကဘော်ဒီကြေး ပြားခြောက်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်စား ဖြစ်ပါတယ် ။ မန်ယူအသင်းက နောက်ပိုင်းပွဲစဥ်တွေမှာ ခြေစွမ်းအတက်ဘက်ကိုရောက်နေပြီး လူမစုံတဲ့ မန်စီးတီးနောက်တန်းကို သေချာပေါက် ဂိုးရနိုင်ပါတယ် ။ မန်စီးတီးအသင်းကလည်း ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့အတွက် အနိုင်ရအောင် ကစားရမှာဖြစ်ပြီး ဂိုးရနိုင်ခြေ ရှိပါတယ် ။ မန်ယူအသင်း ဂိုးရနိုင်တယ်လို့ ယူဆထားတဲ့အတွက် မန်ယူဘော်ဒီကို ရွေးချယ်ရမှာဖြစ်ပြီး ဂိုးပေါ်ကိုလည်း ထပ်မံရွေးချယ်ရမှာဖြစ်ပါတယ် ။ အောက်ကြေးဖြစ်တဲ့ မန်ယူဘော်ဒီနဲ့ ဂိုးပေါ်ကို ရွေးချယ်မယ်ဆိုရင် အရှုံးမရှိနိုင်ဘူးလို့ ယူဆထားပါတယ် ။
အတ္တလန်တာ Vs လာဇီယို
နှစ်ပွဲဆက်ရှုံးထားတဲ့ အတ္တလန်တာအသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နေရာကို ရယူနိုင်ဖို့အတွက် နိုင်ပွဲပြန်ရဖို့ လိုအပ်နေပါတယ် ။ လာဇီယိုအသင်းကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် ရုန်းကန်ရမှာဖြစ်သလို ကြားရက်မှာ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲကစားရဖို့ ရှိပါတယ် ။ ဒီပွဲစဥ်မှာ အိမ်ရှင်အတ္တလန်တာအသင်းက ဘော်ဒီကြေး တစ်လုံးငါးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်စား ဖြစ်ပါတယ် ။ အတ္တလန်တာအသင်းရဲ့ ဘော်ဒီကြေးက အနိုင်ရသွားနိုင်တဲ့ပေါက်ကြေးမျိုးဖြစ်ပြီး တိုက်စစ်ကောင်းတဲ့ အသင်းနှစ်သင်းဖြစ်တာကြောင့် အပြန်အလှန်သွင်းဂိုးတွေလည်း မြင်ရနိုင်တဲ့ ပွဲစဥ်တစ်ခုဖြစ်ပါတယ် ။ အတ္တလန်တာဘော်ဒီအနိုင်ရနိုင်သလို ဂိုးပေါ်လည်းဖြစ်နိုင်ပြီး စုံပေါ်အောင်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ် ။ လာဇီယိုအသင်းက နောက်ပိုင်းပွဲစဥ်တွေမှာ ခြေစွမ်းအနည်းငယ်ကျဆင်းနေတာကြောင့် နှစ်ပွဲဆက်ရှုံးထားတဲ့ အိမ်ရှင်အတ္တလန်တာအသင်းရဲ့ ရုန်းအားကို ပိုကြိုက်နေပြီး တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားနိုင်တယ်လို့ထင်ပါတယ် ။ ဒီပွဲစဥ်မှာ အိမ်ရှင်အတ္တလန်တာဘော်ဒီကို ရွေးချယ်ရမှာဖြစ်ပြီး ဂိုးပေါ်ကို အနည်းငယ်ကာ ကစားသင့်ပါတယ် ။