



၆. ၄. ၂၀၂၅
Written by Nay Moe
ပျော်ဘွယ်မြို့က အထပ်ငါးထပ်ရှိတဲ့ ကမ္ဘောဇဘဏ် ပြိုကျမှုမှာ လူ ၂၀ အထိ သေဆုံးခဲ့ရတယ်လို့ ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
မတ်လ ၂၈ ရက်က ဖြစ်ပွားခဲ့တဲ့ ဖျက်အားပြင်းငလျင်ကြောင့် ဘဏ်အဆောက်အအုံတစ်ခုလုံးပြိုကျခဲ့တဲ့ ပျော်ဘွယ် ကမ္ဘောဇဘဏ်ဖြစ်ရပ်မှာ ငလျင်ဖြစ်ပေါ်ချိန် ဘဏ်အတွင်းရှိသူ အတည်ပြုစာရင်းအရ ပျော်ဘွယ်မြို့နယ်မီးသတ်တပ်ဖွဲ့က အသက်ရှင်လျက်သား ၁၆ ဦး ကယ်ထုတ်နိုင်ခဲ့ပေမဲ့ ၃ ဦးက ဆေးရုံပို့ရာ လမ်းမှာ သေဆုံးခဲ့တာပါ။ ပြိုကျအဆောက်အဦအတွင်းကနေ သေဆုံးသူ ၁၇ ဦး ဖော်ထုတ်ပေးနိုင်ခဲ့လို့ သေဆုံးသူ ၂၀ ရှိခဲ့တာပါ။
ဒီဖြစ်စဥ်အတွင်း ပြိုကျ ကမ္ဘောဇဘဏ်ထဲကနေ ၀န်ထမ်း ၉ ဦးနဲ့ Customer ၄ ဦး အသက်ရှင်ခဲ့လို့ ၁၃ ဦးက အသက်ရှင်လျက်သား ကယ်ထုတ်နိုင်ခဲ့ပေမဲ့ သေဆုံးသူထဲမှာ ကမ္ဘောဇဘဏ်က ၀န်ထမ်း ၁၀ ဦး အာမခံ၀န်ထမ်း ၁ ဦး၊ Customer ၉ ဦး ပါဝင်သွားလို့ စုစုပေါင်း ၂၀ ဦး သေဆုံးခဲ့တာပါ။
သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကိုတော့ သူတို့ရဲ့ မိဘဆွေမျိုးတွေကို မျက်မြင်ကြည့်ရှုစစ်ဆေးအတည်ပြုစေပြီး လွှဲအပ်ခဲ့ပြီးဖြစ်ပါတယ်။