




MT News
၆.၄. ၂၀၂၅
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီးသည် မြေငလျင်ဘေးကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသည့် မြန်မာပြည်သူများအတွက် လူသားချင်းထောက်ထားမှုဆိုင်ရာအကူအညီများ လာရောက်ပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက သိရသည်။
၂၀၂၅ ခုနှစ် ဧပြီလ ၅ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၄ နာရီတွင် ထိုင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Maris Sangiampongsa သည် နေပြည်တော်မြို့သို့ လာရောက်ခဲ့ပြီး ထိုင်းပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ထိုင်းကြက်ခြေနီအသင်းမှ လှူဒါန်းသော အလေးချိန် ၄၆၈၈ ကီလိုဂရမ်ရှိသည့် ကြက်ခြေနီအသင်းမှ ကယ်ဆယ်ရေးအိတ် ၁၀၀ ပုံး၊ အလောင်းထည့်အိတ်သေတ္တာ ၁၅ ပုံး၊ ပေါင်မုန့် ၂၄၀ ပုံး၊ အသင့်စားအစားအသောက်များနှင့် အခြားလိုအပ်သည့်ပစ္စည်းများကို မြန်မာနိုင်ငံရှိငလျင်ဘေးသင့်ပြည်သူများသို့ထောက်ပံပေးအပ်ခဲ့သည်။
အဆိုပါ လှူဖွယ်များကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှဒုတိယဥက္ကဌဒေါ်တင်တင်လေးမှ ကိုယ်စားလက်ခံထားပြီး ထိုင်းအစိုးရအဖွဲ့အစည်းမှအကြီးအကဲများနှင့်ထိုင်းသံအမတ်ကြီးလဲပေးအပ်ပွဲတွင် ပါဝင်ခဲ့ပါသည်။
တဆက်တည်းပင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် နေပြည်တော်သို့ ယမန်နေ့မနက်တွင် ထပ်မံရောက်ရှိခဲ့သော ထိုင်းအထူးကယ်ဆယ်ရေးအဖွဲ့ (၂) ၏လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကိုသွားရောက်ကြည့်ရှုခဲ့သည်။ အဆိုပါအဖွဲ့သည် နေပြည်တော်ရောက်ရှိချိန်မှစ၍ ဥတ္တရသီရိမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ရွေ့လျားဆေးကုသရေးလုပ်ငန်းများကိုချက်ချင်းစတင်ခဲ့ပြီး ယနေ့မှစတင်ကာ မန္တလေးမြို့သို့ဆက်လက်သွားရောက်တာဝန်ထမ်းဆောင်ကြမည်ဖြစ်သည်။