




MT News
၆. ၄. ၂၀၂၅
မတ်လ ၂၈ ရက်တွင် မန္တလေးမြေငလျင်စခန်းမှအရှေ့မြောက်ဘက် ၂၁ ကီလိုမီတာကွာဝေးသည့် မြန်မာနိုင်ငံပြည်တွင်း အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၇ ရစ်ချ်တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် သာသနိကနှင့် ဘာသာရေးဆိုင်ရာအဆောက်အုံများ၊ ပညာရေး၊ ကျန်းမာရေးစသည့် အများနှင့်သက်ဆိုင် သော အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည်။
အဆိုပါ အဆောက်အအုံများအနက် အဆောက်အအုံတစ်ခုချင်းအလိုက် တာဝန်ယူ၍ ပြုပြင်မွမ်းမံ အသစ်တည်ဆောက်လှူဒါန်းလိုသူများအနေဖြင့် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ရာသက်ပန်ကမ္ပည်းထိုး၍ ပါဝင်လှူဒါန်းနိုင်ပါကြောင်းနှင့် လှူဒါန်းလိုသူများအနေဖြင့် သက်ဆိုင်ရာ ဌာနများသို့လည်းကောင်း၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ဖော်ပြထားသည့် ပုဂ္ဂိုလ်များထံသို့လည်းကောင်း ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေးထားသည်။
အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ဖော်ပြထားသည့် ပုဂ္ဂိုလ်များမှာ နေပြည်တော်တွင် ညွှန်ကြားရေးမှူးချုပ် ဒေါ်လဲ့လဲ့အေး (၀၆၇-၃၄၀၄၀၅၀၊ ၀၉-၂၀၂၁၁၄၉၁)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းရွှေ (၀၆၇-၃၄၀၄၀၄၈၊ ၀၉-၂၅၄၁၇၀၀၁၁)၊ ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်း (၀၆၇-၃၄၀၄၃၁၆၊ ၀၉-၄၃၀၅၄၈၄၄)၊ ရန်ကုန်တွင် ညွှန်ကြားရေးမှူး ဦးသန်းစိုး (၀၉-၂၅၀၁၂၃၈၈၅)၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဝင်း (၀၉-၄၂၀၄၀၁၆၀)နှင့် မန္တလေးတွင် ညွှန်ကြားရေးမှူး ဦးအေးမင်းသူ (၀၉-၄၂၀၇၀၈၈၂၇)၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သက်သက်အေး (၀၉-၄၀၀၅၀၂၀၅၆) များသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။
ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသေးစိတ်စာရင်းမရရှိသေးသော်လည်း မေလ ၅ ရက်အထိ စာရင်းများအရ အဆောက်အဦပေါင်း ၅,၂၂၃ လုံး၊ စာသင်ကျောင်းပေါင်း ၁၈၂၄ ကျောင်း၊ ဘုန်းတော်ကြီး ကျောင်းနှင့် သီလရှင်စာသင်တိုက် ၂,၇၅၂ ကျောင်း ထိခိုက်ပျက်စီးဆုံးရှုံးခြင်း၊ ဘုရားစေတီပေါင်း ၄,၈၁၇ ခု ထိခိုက်ပျက်စီးဆုံးရှုံးခြင်း၊ ဆေးရုံဆေးခန်း ၁၆၇ ခုပျက်စီးခဲ့ကြောင်း သိရသည်။