
MT News
၆. ၃. ၂၀၂၅
ဖျက်အားပြင်း ငလျင်ဘေးကြောင့် ပြည်သူများ ခရီးသွားလာမှုအဆင်မပြေချိန် မော်လမြိုင်-ရန်ကုန်သွား မီးရထားလမ်းအား KNLA နှင့် PDF တို့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးလိုက်ပြန်သည်။
တပ်မတော်အနေဖြင့် နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသည့် ငလျင်ဘေးဒဏ်ကြောင့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်စေရန် ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကာလကို ထုတ်ပြန်ထားပြီး ဖြစ်သော်လည်း KNLA အဖွဲ့နှင့် NUG၊ CRPH တို့၏ လက်ဝေခံ PDF များသည် ယမန်နေ့နံနက် ၇ နာရီခန့်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့၏ အနောက်မြောက်ဘက် မီတာ ၁၁၀၀၀ ခန့်အကွာရှိ မိုင်တိုင်အမှတ် (၁၀၇/၉) နှင့် မိုင်တိုင်အမှတ် (၁၀၇/၁၀) ကြား အရှည်ပေ ၄၀ ရှိ သံဘောင်အမျိုးအစား တံတား အမှတ်(၅၉)နေရာ မော်လမြိုင်- ရန်ကုန်သွား မီးရထားလမ်းအား ဒေသန္တရ လက်လုပ် မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲခဲ့ရာ တံတားအောက်ခြေတိုင် ၂ ပေခွဲ ခန့် ကွဲအက် ပျက်စီးခဲ့ကြောင်း သိရသည်။


သို့သော် အဆိုပါပျက်စီးမှုများကြောင့် မီးရထားများ ဖြတ်သန်းသွားလာမှုကို မထိခိုက်စေဘဲ ကောင်းမွန်စွာ ဖြတ်သန်းသွားလာနိုင်ကြောင်း သိရှိရသည်။
ငလျင်ဘေးဒဏ်ကြောင့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်နေသည့်ကာလအတွင်းတွင် ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော နေရာများ၌ အကြမ်းဖက်လုပ်ဆောင်ခြင်းများသည် ပြည်သူများအား ပိုမိုအထိတ်တလန့်ဖြစ်ပြီး ကြောက်ရွံ့လာစေရန်၊ သွားလာမှုခက်ခဲ စေရန်နှင့် ကုန်စည်စီးဆင်းမှုကို ထိခိုက်ဆုံးရှုံးမှုဖြစ်စေပြီး တည်ငြိမ်မှုပျက်ပြားစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းများ ဖြစ်ကြောင်း သတင်းရရှိသည်။