





၅.၄. ၂၀၂၅
Written by MMAK
အဲဗာတန် Vs အာဆင်နယ်
ဇယားထိပ်ဆုံးက လီဗာပူးအသင်းနဲ့ ၁၃ မှတ်ပြတ်နေတဲ့ အာဆင်နယ်အသင်းအနေနဲ့ အမှတ်ပေးဖလားကို အာရုံစိုက်ဖို့ထက် ကွာတားဖိုင်နယ်ရောက်နေတဲ့ ချန်ပီယံလိဂ်ကို ပိုမိုအာရုံစိုက် ကစားနိုင်ပါတယ်။ ကိုင်ဟာဗက်နဲ့ ဂျီးဆပ်တို့ မပါနိုင်သေးပေမဲ့ ဆာကာနဲ့ မာတင်နယ်လီတို့ ပြန်ပါလာနိုင်တဲ့ အာဆင်နယ်တိုက်စစ်က ပိုကောင်းလာဖို့တော့ ရှိပါတယ်။ အဲဗာတန်အသင်းကတော့ တန်းမဆင်းရဖို့သေချာသလောက် ရှိနေပြီဖြစ်တဲ့အတွက် ဂုဏ်သိက္ခာအရသာ ယှဥ်ပြိုင်ကစားတော့မှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ အာဆင်နယ်အသင်းက ဘော်ဒီကြေး သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးသုံးဆယ်အရှုံးဖြစ်ပါတယ်။ ဂိုးပေါင်းကြေး သိသိသာသာ လျော့ကျနေတာတွေ့ရပြီး ခံစစ်ကောင်းတဲ့နှစ်သင်း ဖြစ်တာကြောင့် ဒီပွဲက အပြန်အလှန်သွင်းဂိုးတွေ မမြင်ရနိုင်ဘူးလို့ သုံးသပ်ရမှာဖြစ်ပါတယ်။ ခံစစ်ချင်းယှဉ်ရင် အာဆင်နယ်အသင်းက ပိုကောင်းသလို ကွင်းလယ်ပိုင်းမှာလည်း အာဆင်နယ်အသင်းက ပိုကောင်းပါတယ်။ ဂိုးအရင်သွင်းနိုင်တဲ့အသင်းက အနိုင်ရသွားနိုင်သလို တစ်ဖက်တစ်ဂိုးစီ သရေရလဒ်နဲ့လည်း ပွဲပြီးသွားနိုင်ပါတယ်။ ဒီပွဲမှာ ဂိုးပေါင်းအောက်ကို အကြိုက်တွေ့နေပြီး သုံးဂိုးလောက်ထိ မမြင်ရနိုင်ဘဲ အများဆုံးအနေနဲ့ နှစ်ဂိုးလောက်သာ တွေ့ရနိုင်ပါတယ်။ ပထမပိုင်းမှာ ဂိုးမရှိသရေနဲ့ ပွဲပြီးဖို့များနေပြီး ဒုတိယပိုင်းမှာလည်း ဂိုးတွေအများကြီး မြင်ရဖို့ မရှိတာကြောင့် ဂိုးအောက်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
အစ်ဆွချ် Vs ဝုဗ်
တန်းဆင်းဆင်းတိုက်ပွဲအတွက် ဖောင်ဖျက်ကစားလာမဲ့ အစ်ဆွချ်အသင်းနဲ့ ဝုဗ်အသင်းတို့ ထိပ်တိုက်တွေ့နေတာ ဖြစ်ပါတယ်။ တန်းဆင်းဇုန်ထဲက အစ်ဆွချ်အသင်းအနေနဲ့ သူ့အထက်က ကိုးမှတ်အသာရထားတဲ့ ဝုဗ်အသင်းကို အနိုင်ရထားမှ ခြောက်မှတ်အကွာကို ရောက်ရှိမှာဖြစ်ပြီး လက်ကျန်ခုနစ်ပွဲအလိုမှာ အမှတ်ကွာဟမှုကို လျှော့ချထားနိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အိမ်ရှင်အစ်ဆွချ်အသင်းအနေနဲ့ အနိုင်ရအောင် ကစားထားဖို့လိုအပ်သလို တန်းဆင်းဇုန်တိုက်ပွဲကလည်း ပိုကြည့်ကောင်းမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ အဝေးကွင်းဝုဗ်အသင်းက ပြားနှစ်ဆယ်အရှုံး ပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးငါးဆယ်အရှုံး ဖြစ်ပါတယ်။ ပထမအကျော့မှာ သရေအရှုံးပေးခဲ့တဲ့ ဝုဗ်အသင်းအနေနဲ့ အခုပွဲစဉ်မှာ ပြားငါးဆယ်အရှုံးလောက်ပြန်ပေးရမှာ ဖြစ်တဲ့အတွက် ဒီပေါက်ကြေးက မျှတတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဖောင်ဖျက်ကစားလာမဲ့ အိမ်ရှင်အစ်ဆွချ်အသင်းအနေနဲ့ ရှုံးခဲ့မယ်ဆိုရင် တန်းဆင်းရဖို့သေချာသလောက် ဖြစ်သွားနိုင်တာကြောင့် အနိမ့်ဆုံးသရေရအောင် ကစားရမှာ ဖြစ်ပြီး အိမ်ကွင်းဖြစ်နေတာကြောင့် အနိုင်ရရင်တောင် ရသွားနိုင်ပါတယ်။ အစ်ဆွချ်အသင်းအနိုင်ရခဲ့ရင် တန်းဆင်းဇုန်တိုက်ပွဲကလည်း ရာသီပြီးဆုံးချိန်အထိ စိတ်ဝင်စားဖို့ ကောင်းမှာဖြစ်တဲ့အတွက် အနိုင်ရသွားမယ်လို့ ထင်ပါတယ်။ သရေကျရင်တောင် ပြားနှစ်ဆယ်အနိုင်ရမဲ့ အိမ်ရှင်အစ်ဆွချ်ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ် Vs ဘရိုက်တန်
ပဲလေ့စ်အသင်းက အရင်နှစ်ရာသီကလိုဘဲ ရာသီပြီးခါနီးလေ ပိုကောင်းလာလေလိို့ပြောရမှာ ဖြစ်ပြီး နောက်ဆုံး ခြောက်ပွဲဆက် ရှုံးပွဲမရှိဘဲ ရလဒ်တွေ ကောင်းနေပါတယ်။ ဘရိုက်တန်အသင်းကလည်း ခြေစွမ်းအတက်ဘက်ရောက်နေပြီး နောက်ဆုံးပွဲစဉ်မှာတော့ ဗီလာအသင်းကို ဂိုးပြတ်ရှုံးထားပါတယ်။ ဒီပွဲစဉ်မှာ အိမ်ရှင်ပဲလေ့စ်အသင်းက ပြားသုံးဆယ်အရှုံးပြန်ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးကိုးဆယ်စား ဖြစ်ပါတယ်။ ပထမအကျော့မှာ သရေအရှုံးပေးခဲ့တဲ့ ဘရိုက်တန်အသင်းအနေနဲ့ ဒီပွဲစဉ်မှာ ပြားငါးဆယ်လောက်ထိမပေးနိုင်ရင်တောင် ဘော်ဒီကြေးဒဲ့ပေါက်ရမှာဖြစ်ပေမဲ့ အောက်အသင်းဖြစ်တဲ့ ပဲလေ့စ်အသင်းကတောင် ကြေးကြောပြန်ပေးထားတာ တွေ့ရပါတယ်။ ဒီပေါက်ကြေးအရ ဘရိုက်တန်အသင်းအနေနဲ့ အနိုင်ရဖို့မလွယ်ဘဲ အိမ်ရှင်ပဲလေ့စ်အသင်း သရေနဲ့အနိုင် တစ်ခုခု ရသွားနိုင်ပါတယ်။ ကစားပုံအရဆိုရင်လည်း ပဲလေ့စ်အသင်းရဲ့ တန်ပြန်တိုက်စစ်ကို ဘရိုက်အသင်း ထိန်းချုပ်ရခက်ခဲနိုင်ပြီး ဂိုးပေးရဖို့များပါတယ်။ အိမ်ရှင်ပဲလေ့စ်အသင်း သရေနဲ့အနိုင် တစ်ခုခု ရနိုင်တာကြောင့် ပြားသုံးဆယ်ရင်းပြီး ပဲလေ့စ်ဘော်ဒီကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။
ဝက်စ်ဟမ်း Vs ဘုန်းမောက်
အိမ်ရှင်ဝက်စ်ဟမ်းအသင်းက တန်းမဆင်းရဖို့ သေချာသလောက်ရှိနေတာကြောင့် လက်ကျန်ပွဲတွေမှာ ဂုဏ်သိက္ခာအရသာ ယှဥ်ပြိုင်ကစားရမှာဖြစ်ပြီး ထူးခြားချက်အနေနဲ့ တိုက်စစ်အသားပေး ကစားတတ်တဲ့ ဝက်စ်ဟမ်းအသင်းက နောက်ဆုံးခြောက်ပွဲဆက် ဂိုးအောက်ထားပါတယ်။ ဘုန်းမောက်အသင်းကတော့ နောက်ပိုင်းပွဲစဥ်တွေမှာ ခြေစွမ်းကျဆင်းနေတာကြောင့် ရလဒ်တွေဆိုးနေပါတယ်။ ဒီပွဲစဥ်မှာ ဘုန်းမောက်အသင်းက ပြားငါးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စား ဖြစ်ပါတယ်။ ပေါက်ကြေးအရ မှန်ကန်မှုရှိတယ်လို့ပြောရမှာဖြစ်ပြီး ခြေစွမ်းကျနေတဲ့ ဘုန်းမောက်အသင်းအနေနဲ့ ကြေးလျှော့ပေးတာမျိုး မတွေ့ရသလို ဂိုးပေါင်းကြေးကလည်း ပြားလေးဆယ်လောက် မြင့်တက်လာကို တွေ့ရပါတယ်။ ဥရောပဖလားတွေမှာ ပရီးမီးယားလိဂ်ကလပ်တွေ ဗိုလ်စွဲခဲ့ရင် နောက်ရာသီမှာ ပရီးမီးယားလိဂ်ကအသင်းတွေ ဥရောပဝင်ခွင့် ပိုရနိုင်တာကြောင့် ဘုန်းမောက်အသင်းက ဥရောပဝင်ခွင့်နေရာကို ရသွားနိုင်ပါတယ်။ ပေါက်ကြေးအရဆိုရင်လည်း ဘုန်းမောက်အသင်း ဂိုးရမယ်လို့ သုံးသပ်ရမှာဖြစ်ပြီး ဘုန်းမောက်အသင်း ကပ်နိုင်သွားနိုင်သလို ဂိုးပေါင်းအပေါ်လည်း ဖြစ်နိုင်ပါတယ်။ ဒီအတွက်ကြောင့် ဘုန်းမောက်ဘော်ဒီကို ရွေးချယ်ပေးချင်ပြီး ဂိုးပေါ်ကိုလည်း အနည်းငယ်ကာကစားသင့်ပါတယ်။
အက်စတွန်ဗီလာ Vs နော်တင်ဟန်ဖောရက်
အမ်မရီရဲ့ ဗီလာအသင်းက တော်တော်လေး ခြေစွမ်းကောင်းနေပြီး ခြောက်ပွဲဆက်တိုက် အနိုင်ရထားပါတယ်။ ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်တက်ရောက်ထားနိုင်သလို FA ဖလားမှာလည်း ဆီမီးဖိုင်နယ် တက်ရောက်ထားနိုင်ပါတယ်။ ဇန်နဝါရီအပြောင်းအရွေ့မှာ အသစ်ခေါ်ထားတဲ့ ကစားသမားတွေက ခြေစွမ်းပြနေတာကြောင့် ကစားသမားအင်အားလည်း အရမ်းကောင်းပါတယ်။ ဖောရက်အသင်းကတော့ ဒီရာသီမှာ သူတို့အသင်းရဲ့ ပစ်မှတ်က ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ဖြစ်ပြီး နောက်ဆုံးခြောက်ပွဲဆက် ရှုံးပွဲမရှိထားပါဘူး။ ဒီပွဲစဥ်မှာ အိမ်ရှင်ဗီလာအသင်းက ဘော်ဒီကြေး သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးအရှုံးဖြစ်ပါတယ်။ ဒီလိုပေါက်ကြေးမျိုးတွေက စုံပေါ်အောင်လေ့မရှိဘဲ အောက်ကြေးတစ်ခုခုတော့ အနိုင်ရလေ့ရှိပါတယ်။ ဖောရက်အသင်းက ခံစစ်ပိတ်ကစားပြီး တန်ပြန်တိုက်စစ်ကစားတာ အရမ်းကောင်းတဲ့အသင်းမျိုးဖြစ်တာကြောင့် အခုကစားမဲ့ အဝေးကွင်းပွဲမှာ သူတို့ပုံစံအတိုင်းကစားလာနိုင်ပြီး အနိုင်မရရင်တောင် သရေကစားနိုင်တယ်လို့ ထင်ပါတယ်။ ခံစစ်ကောင်းတဲ့ အသင်းတွေဖြစ်တာကြောင့် ဂိုးပေါင်းအောက်ကိုလည်း အကြိုက်တွေ့နေပြီး အောက်စုံရွေးချယ်မှုအဖြစ် ဖောရက်ဘော်ဒီနဲ့ဂိုးအောက်ကို ရွေးချယ်ပေးချင်ပါတယ်။