
၅.၄.၂၀၂၅
Written By Thandar
ပရိသတ်ချစ်ခင်မှုများစွာရရှိထားတဲ့ သရုပ်ဆောင် ဖြူဖြူထွေးကတော့ တတိယအကြိမ်မြောက်အလှူကို ငလျင်ကြောင့် ကျောက်ဆည်မြို့က သေဆုံးသွားကြတဲ့ ကလေးတွေမိသားစုဝင်တွေကို ငွေလှူဒါန်းပြီး အားပေးနှစ်သိမ့်စကားပြောဆိုခဲ့ပါတယ်။
“ကျွန်တော်အနေနဲ့ ခုကတော့ တတိယအကြိမ်မြောက် ငလျင်ဘေးသင့်ပြီး ပြည်သူတွေကို ခုနစ်ရက်သားသမီးတွေနဲ့ စုပေါင်းလှူမှာ သိန်းပေါင်း ၅၀၀ ကျော်လှူပါမယ်။ ကျောက်ဆည်ကျောင်းက ကလေးလေးတွေ ဆုံးရှုံးသွားတဲ့နေရာမှာ လှူဖြစ်ခဲ့တာပါ။ စာသင်နေတုန်း ဆုံးသွားတဲ့ ကလေးမိခင်တွေကို တစ်အိမ်ထောင်ကို ၅ သိန်းစီ လှူခဲ့တာပါ။ ကလေးတွေရဲ့ မိခင်တွေကို ကြည့်ပြီး ကိုယ်တိုင်မခံစားနိုင်လို့ ငိုခဲ့မိပါတယ်”လို့ သရုပ်ဆောင် ဖြူဖြူထွေးက ပြောပါတယ်။
သူမကတော့ ငလျင်ဘေးအတွက် လိုအပ်နေတဲ့ပစ္စည်းအသုံးအဆောင်တွေဖြစ်တဲ့ သွားတိုက်တံ၊ အသင့်စားမုန့်၊ ကော်ဖီအေးဘူး၊ ငါးသေတ္တာ၊ ခေါက်ဆွဲဘူး၊ ကွေကာအုပ်၊ အာလူးကြော်၊ ရေသန့် စတဲ့ ကျပ်သိန်း ၅၀၀ ကျော်နဲ့ အစားအသောက်တွေကို လှူဒါန်းခဲ့တာလည်းဖြစ်ပါတယ်။






ဖြူဖြူထွေးကတော့ ငလျင်ဘေးသင့်သူတွေအတွက် အနုပညာကြေးထဲက ကျပ်သိန်း ၁၀၀ ကို မ,တည် လှူဒါန်းခဲ့တာလည်း ဖြစ်တယ်လို့ သိရပါတယ်။ ပထမအကြိမ် မန္တလေးနဲ့ ဒုတိယအကြိမ် စစ်ကိုင်းတို့ကို သွားရောက်လှူဒါန်းထားပြီးတာလည်းဖြစ်ပါတယ်။