
၅. ၄. ၂၀၂၅
Written by Tha Doe
မတ်လ ၃ ရက်နှင့် ၄ ရက်နေ့က ကျင်းပခဲ့သော ဆဋ္ဌမအကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေးတွင် အိမ်ရှင် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝပ်ထရာနှင့် SAC ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ သီးခြားတွေ့ဆုံဆွေးနွေးအပြီးတွင် ထိုင်းနိုင်ငံက Mandalay 82 ဟု အမည်ပေးထားသော ထိုင်းအရေးပေါ်လှုပ်ရှားမှုအဖွဲ့ (၂) ကို မန္တလေးမှ ငလျင်ဘေးသင့်ပြည်သူများအား ဆက်လက်ကူညီပေးရန်အတွက် ထပ်မံစေလွှတ်ပေးခဲ့သည်။



ယနေ့ မတ်လ ၅ ရက်တွင် ထိုင်းအရေးပေါ်လှုပ်ရှားမှုအဖွဲ့(၂) မှ တပ်ဖွဲ့ဝင် ၅၅ ဦးတို့သည် နေပြည်တော်သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိလာခဲ့ကာ ၂၀၂၅ ခုနှစ် မတ်လ ၃၀ ရက်နေ့မှစ၍ ရောက်ရှိနေခဲ့ပြီး ရှာဖွေကယ်ဆယ်ရေး၊ ဆေးကုသရေးနှင့် လူမှုလှုပ်ရှားဆောင်ရွက်ရေးတာဝန်များ ပြီးဆုံးခဲ့ပြီဖြစ်သော နေပြည်တော်မှ အရေးပေါ်လှုပ်ရှားမှုအဖွဲ့ ၅၅ ဦးတို့ထံမှ မြန်မာနိုင်ငံသားများ၏ ဘေးအန္တရာယ်နှင့်လူမှုဖူလုံရေးဆိုင်ရာ ကူညီကယ်ဆယ်ရေးတာဝန်များကို ဆက်လက်လွှဲပြောင်း လက်ခံယူခဲ့သည်။
အရေးပေါ်လှုပ်ရှားမှူအဖွဲ့ (၂ )တွင် အရေးပေါ်ဆေးတပ်ဖွဲ့၊ အဆောက်အဦများ ပြုပြင်ထိန်းသိမ်းရေးအဖွဲ့ များပါဝင်ပြီး မန္တလေးမြို့တွင် ၂၀၂၅ ခုနှစ် ဧပြီလ ၆ ရက်မှ ၂၆ ရက်အထိ ကူညီမှုများ စတင်လှုပ်ရှားဆောင်ရွက်သွားမည်ဖြစ်သည်။


ယခုတစ်ကြိမ် ငလျင်ဒဏ်ကို ထိုင်းနိုင်ငံတွင်ပါ တွေ့ကြုံခဲ့ရသော်လည်း ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံအပေါ် စဉ်ဆက်မပြတ်ကူညီကယ်ဆယ်ပေးနေခြင်းမှာ အိမ်နီးချင်းဖြစ်သော ထိုင်းနိုင်ငံသည် မိတ်ဆွေကောင်းပီသစွာနှင့် တတ်အားသရွေ့ကူညီပေးလိုသော စိတ်ရင်းကိုထင်ဟပ်စေသည်ဟုလည်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက အသိပေးသည်။