
၄.၄.၂၀၂၅
Translated by Htwe Ko Tun
ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာက ဂျပန်နိုင်ငံရဲ့ အမေရိကန်သို့ ပို့ကုန်ပစ္စည်းတွေကို ကုန်သွယ်စည်း ကြပ်ခွန်ကောက်ခံဖို့ အမေရိကန်အစိုးရက ပြဌာန်းခဲ့ခြင်းက အမျိုးသားရေးအကျပ်အတည်းအခြေအနေ တစ်ရပ်သို့ ဂျပန်နိုင်ငံအား ရောက်စေခဲ့တယ်လို့ ဧပြီလ ၄ ရက်မှာ ပြောခဲ့ပါတယ်။
လွှတ်တော်အစည်းအဝေးတစ်ရပ်မှာ စကားပြောခဲ့ရာမှာ ဝန်ကြီးချုပ် အီရှီဘာ က ဂျပန်နိုင်ငံမှ သွင်းကုန် တွေအပေါ် အခွန် ၂၄ ရာခိုင်နှုန်းသတ်မှတ်လိုက်တာက ဂျပန်အတွက်တော့ အမျိုးသားရေး အကျပ်အတည်းတစ်ရပ်ပဲ။ အစိုးရအနေနဲ့ တော့ ဒီအခြေအနေမှာ အဖွဲ့အစည်းတွေအားလုံးနဲ့ အကောင်းဆုံးတုံ့ပြန်သွားမှာပါ လို့ ပြောခဲ့ပါတယ်။
အီရှီဘာက သတင်းတောက်တွေကို ဂျပန်အစိုးရဘက်က အဆင့်အမျိုးမျိုးမှာ တစ်ဖက်သတ်ဆောင်ရွက်မှုတွေမလုပ်ပါနဲ့လို့ တောင်းဆိုနေတဲ့ကြားက အမေရိကန်သမ္မတ ထရန့် ရဲ့ ကုန်သွယ်စည်းကြပ်ခွန် ပြဌာန်းကြောင်းကြေညာချက်တွေက အလွန်ပဲ စိတ်မကောင်းစရာကောင်းပြီး စိတ်ပျက်စရာလည်း ကောင်းတယ်လို့ ဧပြီလ ၃ ရက်မှာ ပြောခဲ့ပါတယ်။
ဝန်ကြီးချုပ်က ပို့ကုန်ဦးစားပေးအားထားတဲ့ ဂျပန်နိုင်ငံအနေနဲ့ ၂၀၁၉ ခုနှစ်ကစပြီး အမေရိကန်မှာ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်လာခဲ့တာပါ။ ဂျပန်ကားကုမ္ပဏီတွေဆိုရင်အမေရိကန်မှာ တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှု ဒေါ်လာ ၄၁၈ သန်းဖိုးရှိပြီးအလုပ်အကိုင်နေရာ ၂ ဒသမ ၃ သန်းကို ဖန်တီးပေးထားတာဖြစ်တယ် လို့လည်း ပြောခဲ့ပါတယ်။
ခုလို ကုန်သွယ်စည်းကြပ်ခွန်တွေမြှင့်လိုက်တာကြောင့် အသိသာဆုံးဖြစ်လာမယ့် သက်ရောက်မှုက နှစ်နိုင်ငံအကျိုးတူ စီးပွားရေးဆက်ဆံမှုတွေကို ထိခိုက်စေရုံသာမကဘဲ ကမ္ဘာ့စီးပွားရေးနဲ့ နိုင်ငံပေါင်းစုံ ကုန်သွယ်ရေးစနစ်ကိုပါ ထိခိုက်စေတော့မှာဖြစ်တယ် လို့ ဝန်ကြီးချုပ်က ပြောခဲ့ပါသေးတယ်။
ဒါ့ပြင် သူက “အမေရိကန်သမ္မတရဲ့ ခုလိုစည်းကြပ်ခွန်တွေတိုးမြှင့်မှုက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးရဲ့ စည်းမျဉ်းတွေအပြင် ဂျပန်-အမေရိကန် ကုန်သွယ်မှုသဘောတူညီချက်တို့နဲ့ ညီညွတ်မှုရှိနေသလားစိုးရိမ်မိတယ်၊ အစိုးရအနေနဲ့ သက်ရောက်မှုရှိမယ့်ပြည်တွင်းစက်ရုံတွေကိုအနီးကပ်စစ်ဆေးပြီး ပြည့်စုံတဲ့ အ ထောက်အပံ့ပေးရေးဆောင်ရွက်မှုတွေလုပ်သွားမယ်”လို့လည်း ပြောခဲ့ပါတယ်။
Ref- Xinhua