MT News
Photo Tha Doe
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၂ ရက်ကနေ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်အထိကာလကို တရုတ်ရိုးရာပြက္ခဒိန်အရ ယုန်နှစ်အဖြစ် သတ်မှတ်ထားပြီး ဒီနေ့ကတော့ တရုတ်နှစ်သစ်ကူးနေ့ပါ။
မဝေးသေးတဲ့ သုံးနှစ်ကျော်ကာလတွေမှာ တရုတ်နှစ်သစ်ကူးဆိုရင် China Town လို့ခေါ်တဲ့ လသာမြို့နယ်အပါအဝင် မဟာဗန္ဓုလလမ်းတစ်လျှောက်မှာ အခမ်းအနားတွေ ပြင်ဆင်ပေးတာရှိပေမဲ့ ဒီလိုမျိုးမလုပ်ဖြစ်ခဲ့တာကတော့ ကိုဗစ်ကာလက စရေမယ်ဆိုရင် သုံးနှစ်ပြည့်ပြီ ပြောရမှာပါ။
ဒီနှစ်မှာလည်း အခမ်းအနားပွဲတွေမပါပေမဲ့ နာမည်ကျော် ၁၉ လမ်းနဲ့ လမ်း ၂၀ က တရုတ်ဘုံကျောင်းမှာတော့ ယုန်နှစ်အတွက် ကံထူးကံကောင်းဖို့ ဆုတောင်းနေကြသူတွေ များပြားခဲ့သလို တိုးမပေါက်အောင်လည်းကြိတ်ကြိတ်တိုး စည်ကားနေပါတယ်။