
၄. ၄. ၂၀၂၅
Written by Nyein Kyaw
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ဧပြီ ၃ ရက် နေ့လယ်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အဆောက်အဦများနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည့် ရေလွှဲဆည်နှင့်တမံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။


SAC ဒုတိယဥက္ကဋ္ဌသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒက္ခိဏသီရိမြို့နယ်၊ သံတမန်ဇုန်၊ သဇင်လမ်းနှင့် မြစ်မခလမ်းထောင့်ရှိ မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်း ရုံး(MCI)သို့ သွားရောက်၍ အဆောက်အဦများ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီနယ်အတွင်းသို့ သောက်သုံးရေများ ဖြန့်ဝေပေးသည့် ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်တမံ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေများ၊ ဇမ္ဗူသီရိမြို့နယ်ရှိ မြို့ရေပေးဝေရေး အကူဆည်တစ်ခုဖြစ်သည့် ရေငန်းတမံ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေများ၊ ဇမ္ဗူသီရိမြို့နယ်ရှိ ချောင်းမကြီးရေလောင်တမံသို့ သွားရောက်စစ်ဆေးခဲ့သည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဆည်/တမံဆိုင်ရာအချက်အလက်များ၊ တမံများ၏ ကြံ့ခိုင်မှုအခြေအနေနှင့် ငလျင်ဒဏ်ကြောင့် တမံပျက်စီးခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြကြရာ တမံကျိုးပေါက်နိုင်မှုအန္တရာယ် မရှိကြောင်း တာဝန်ရှိသူများက တင်ပြခဲ့ပြီး SAC ဒုတိယဥက္ကဋ္ဌက တမံများကျိုးပေါက်မှုမရှိစေရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး စနစ်တကျစီမံ ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့ပြင် ပျဉ်းမနားမြို့၊ ပေါင်းလောင်းအားကစားကွင်း၌ ဖွင့်လှစ်ထားရှိသည့် ယာယီဆေးရုံ (ပေါင်းလောင်း)၌ လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုများကို နေ့/ည မပြတ် ကြပ်မတ်ကုသပေးလျက်ရှိမှုနှင့် အရေးကြီးလူနာ ၃၆ ဦးနှင့် ပြင်ပလူနာ ၆၀ ဦးတို့အား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှု့စစ်ဆေးခဲ့သည်။


ထို့အပြင် အဆိုပါ ယာယီဆေးရုံ(ပေါင်းလောင်း)၌ ဘူတန်နိုင်ငံဘုရင်က စေလွှတ်ပေးသည့် ဘူတန်ဆေးကုသရေးအဖွဲ့ ၄၀ ဦးကလည်း လိုအပ်သောဆေးဝါးပစ္စည်းများနှင့်အတူ ပူးပေါင်းပါဝင်၍ လိုအပ်သည့် ဆေးကုသခြင်းများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါ ဘူတန်ဆေးကုသရေးအဖွဲ့သည် သီးခြားယာယီ ဆေးရုံတည်ဆောက်လျက်ရှိပြီး ငလျင်ဒဏ်သင့် လူနာများအား လူသားချင်းစာနာ ထောက်ထားမှုဖြင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆက်လက်ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဆေးဝါးဗေဒပါရဂူ၊ ပြည်သူ့ကျန်းမာရေးပါရဂူ၊ ဆေးမှူးများ၊ သူနာပြု အရာရှိ၊ စစ်သည် များနှင့်အတူ ရွှေ့လျားခွဲစိတ်ကုသယာဉ်၊ ရွှေ့လျားဓာတ်မှန်ရိုက်ယာဉ်များ လိုအပ်သော ဆေးဝါးပစ္စည်းကိရိယာတို့ဖြင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများနှင့် အခြားလူနာများအား လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုများကို နေ့/ည မပြတ် ကြပ်မတ်ကုသပေးလျက်ရှိသည်။ ယနေ့အထိ အရေးကြီးလူနာ ၃၆ ဦးနှင့် ပြင်ပလူနာ ၆၀ ဦးတို့အား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်သည်။
ထို့အပြင် အဆိုပါ ယာယီဆေးရုံ(ပေါင်းလောင်း)၌ ဆေးဝါးဗေဒပါရဂူ၊ ပြည်သူ့ကျန်းမာရေးပါရဂူ၊ ဆေးမှူးများ၊ သူနာပြု အရာရှိ၊ စစ်သည်များအပြင် ဘူတန်နိုင်ငံဘုရင်က စေလွှတ်ပေးသည့် ဘူတန်ဆေးကုသရေးအဖွဲ့ ၄၀ ဦးကလည်း လိုအပ်သော ဆေးဝါးပစ္စည်းများနှင့်အတူ လိုအပ်သည့် ဆေးကုသခြင်းများ ပူးပေါင်းဆောင်ရွက်ပေးနေကြောင်း သိရသည်။