MT News
တိုင်းနှင့် ပြည်နယ်အသီးသီးရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အဆောက်အဦ ၁၃ ခုနှင့် ရုံးသုံးပစ္စည်းများ ၁၄ လအတွင်း ကျပ်သန်း ၄၀၀ ဖိုးခန့် ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။
၂၀၂၃ ရွေးကောက်ပွဲပျက်ပြားစေရန် လုပ်ဆောင်မည့် NUG နှင့် PDF များက လဝကရုံးများနှင့် ရွေးကောက်ပွဲကော်မရှင်ရုံးများကဲ့သို့သော လက်နက်ကိုင်ဆောင်ခွင့်မရှိသည့် အရပ်သားရုံးများကို ဦးတည်တိုက်ခိုက်နေပြီးနောက် လက်ရှိကာလတွင် ဗုံးခွဲမှုများနှင့် မီးရှို့ဖျက်ဆီးမှုများ ပိုမိုကြုံတွေ့လာနေရခြင်းဖြစ်သည်။
ထိုသို့ အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖျက်ဆီးခြင်းနှင့် မီးရှို့ဖျက်ဆီးမှုများကြောင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှ ယနေ့ထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အဆောက်အဦ ၁၃ ခုနှင့် ရုံးသုံးပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရပြီး ထိုသို့ ပျက်ဆီးဆုံးရှုံးမှုမှာ ကျပ်သန်း ၄၀၀ ခန့် ရှိနေကြောင်းလည်း သိရသည်။