




MT News
၃. ၄. ၂၀၂၅
တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးသော ဒုတိယအသုတ် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ဒဏ် ကူညီကယ်ဆယ်ရေးပစ္စည်းများသည် ယနေ့ ဧပြီ ၃ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့သည်။
အဆိုပါ ဒုတိယအသုတ် ကူညီကယ်ဆယ်ရေးပစ္စည်းများတွင် ရွက်ဖျင်တဲ ၈၀၀ လုံး၊ ခြုံစောင် ၂,၀၀၀၊ ဘီစကွတ်သေတ္တာ ၃၀၀၀၊ Mineral Water သေတ္တာ ၂,၀၀၀ တို့ ပါဝင်ကြောင်း သိရသည်။
ယွမ်သန်း ၁၀၀ ဖိုးထောက်ပံ့မည့် တရုတ်နိုင်ငံ၏ ပထမဆုံးအသုတ် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ဒဏ် ကူညီကယ်ဆယ်ရေးပစ္စည်းများသည် မတ်လ ၃၁ ရက်တွင် မြန်မာနိုင်ငံသို့ ပို့ဆောင်ရောက်ရှိပြီးဖြစ်သည်။