
၃.၄.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရန့်ရဲ့ အစိုးရက ထရန့်ရဲ့အစိုးရအဖွဲ့မှာ ပါဝင်နေတဲ့ ဘီလျံနာ သူဌေးကြီး အီလွန်မာ့စ်ခ်ဟာ လာမယ့်အပတ်တွေမှာ အစိုးရအဖွဲ့က နုတ်ထွက်တော့မယ်လို့ သတင်းတွေ ဖြစ်နေတာကမမှန်ဘဲ မာ့စ်ခ်ဟာ DOGE လို့ခေါ်တဲ့ အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာန အကြီးအကဲအဖြစ် ဆက်ရှိနေမယ်လို့ အိမ်ဖြူတော်က ဧပြီလ ၂ ရက်မှာ ပြောခဲ့ပါတယ်။
အိမ်ဖြူတော်ရဲ့ပြောကြားမှုက အီလွန်မာ့စ်ခ်ကို အစိုးရအဖွဲ့မှထွက်တော့မယ်လို့ ထွက်ပေါ်နေတဲ့ သတင်းတွေကို အဆုံးသတ်စေခဲ့တာလည်းဖြစ်ပါတယ်။
Politico နဲ့ ABC သတင်းဌာနတွေက သမ္မတထရန့်က သူ့ရဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေကို မာ့စ်ခ်ဟာ အစိုးရအဖွဲ့မှ ပုဂ္ဂလိကကကဏ္ဍကို ပြန်သွားတော့မယ်လို့ပြောခဲ့တယ်လို့ ဖော်ပြကြပါတယ်။ ဒါပေမယ့် ဒီ သတင်းတွေက အစိုးရအဖွဲ့ရဲ့အထူးဝန်ထမ်းတစ်ဦးလည်းဖြစ်တဲ့ မာ့စ်ခ်ဟာ သူရဲ့ ရက် ၁၃၀ တာဝန်ထမ်းရက်မတိုင်ခင် အစိုးရအဖွဲ့မှ ထွက်ခွာတာလား ရှင်းလင်းမှုမရှိပါဘူး။
ဒီလိုပဲ သူ့အနေနဲ့ ရက် ၁၃၀ မတိုင်မီ အစိုးရအဖွဲ့တာဝန်က ထွက်ခွာမယ်ဆိုတဲ့ သတင်းတွေ ဒါမှမဟုတ် လူမှုကွန်ရက်ပို့စ်တွေက ရှင်းလင်းသေချာမှုမရှိတာကိုသာ တွေ့ရပါတယ်။
အိမ်ဖြူတော်ပြန်ကြားရေးအတွင်းဝန် ကယ်ရိုလိုင်း လီဗစ်က အီလွန်မာ့စ်ခ်ပိုင် လူမှုကွန်ရက် X မှာ အီလွန်ဟာ အစိုးရအဖွဲ့ရဲ့ အထူးဝန်ထမ်းတစ်ဦးအနေနဲ့ သူ့ရဲ့ မယုံကြည်နိုင်စရာကောင်းလှတဲ့ DOGE မှာ တာဝန်ထမ်းဆောင်မှုပြီးမှသာ အစိုးရအဖွဲ့က ထွက်ခွာမယ်လို့ ရေးခဲ့ရာမှာတော့ ဒီမရေမရာသတင်း တွေအားလုံးကို နိဂုံးချုပ်စေခဲ့တာပါပဲ။
အီလွန်မာ့စ်ခ်ဟာ သမ္မတ ထရန့်လက်ထက်မှာ အသစ်ဖွဲ့စည်းခဲ့တဲ့ အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာန အကြီးအကဲအဖြစ်တာဝန်ယူခဲ့ရာမှာ မတ်လ ၂ ရက်အထိ ခန့်မှန်းခြေ ဒေါ်လာ ၁၄၀ ဘီလျံအထိ အစိုးရအနေနဲ့ အလဟဿ ဆုံးရှုံးမှုမဖြစ်အောင် ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါက အခွန်ထမ်းပြည်သူတစ်ဦးစီတိုင်းအတွက် ဒေါ်လာ ၉၀၀ သက်သာစေမှာပါ။
Ref- USA Today