
၃.၄.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ နိုင်ငံတကာလေယာဉ်ကွင်းဖြစ်တဲ့ Fort- Lauderdale-Hollywood အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အမျိုးသမီးတစ်ဦးဟာ လေဆိပ်မှာစောင့်ဆိုင်းနေရာကနေ စိတ်ပရမ်းပတာဖြစ်ကာ ထိန်းမနိုင်သိမ်းမရနဲ့ အတွင်းခံအထိ အဝတ်အစားတွေ အကုန်ချွတ်ချခဲ့တာကြောင့် ဘေးမှ ကြည့်ရှုတွေ့မြင်နေရသူတွေပါ တုန်လှုပ်ချောက်ချားကြရတဲ့အထိ ဖြစ်ခဲ့ရတယ်လို့ သတင်းတွေက ဆိုပါတယ်။
ဒီဖြစ်ရပ်က အခု ရက်သတ္တပတ်ထဲမှာပဲ အဆိုပါအမျိုးသမီးက လေဆိပ်မှာ စောင့်ဆိုင်းမှု ပြုနေရာကနေ စဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။ ဒီအချိန်မှာ ဒီအမျိုးသမီးက အငြင်းပွားမှုတစ်ခုဖြစ်ခဲ့ရာက စတင်ခဲ့ရတာလို့ ဆိုပါတယ်။ ဒီအငြင်းပွားမှုကနေအမျိုးသမီးက စိတ်ကိုမထိန်းနိုင်ဘဲ ပရမ်းပတာဖြစ်ကာ အဝတ်အစားတွေကို ချွတ်ချခဲ့တယ်လို့ ဆိုပါတယ်။
ဒီနောက်မှာတော့ အမျိုးသမီးက ကိုယ်လုံးတီးနဲ့ လေဆိပ်အတွင်း ပြေးလွှားနေတဲ့ဗီဒီယိုကို လူမှုကွန်ရက်မှာတင်ထားတာ တွေ့ကြရပါတယ်။
ဒီမှာနောက်ဆုံးတော့ ရဲအရာရှိတစ်ဦးက ရောက်ရှိလာပြီး အမျိုးသမီးကို ဝင်ရောက်ရပ်တန့်ကာ အဝတ်အစားတွေကို ပြန်ဝတ်ခိုင်းခဲ့ရတာကို ဗီဒီယိုမှာ တွေ့ခဲ့ကြရပါတယ်။
Ref -hindustan Times