




၂.၄.၂၀၂၅
Written By Thandar
Blessed Entertainment က ရွေးချယ်စေလွှတ်ခဲ့တဲ့ Miss Tourism World 2018 ပြိုင်ပွဲကြီးမှာ မြန်မာ နိုင်ငံကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ Miss Tourism Myanmar 2018 အလှမယ် ဆီလီမီးဟာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားအလွန်ပြင်းထန်တဲ့ငလျင်ကြောင့် မန္တလေးမြို့ Sky Villa ပြိုကျမှုမှာ ပိတ်မိပြီးနောက် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ယနေ့ ဧပြီလ ၂ ရက်နေ့မှာ သူမရဲ့ အသက်မရှိတဲ့ ကိုယ်ခန္ဓာကိုသာ ကယ်ဆယ်ရေးအဖွဲ့တွေက ပြန်လည်တွေ့ရှိခဲ့တာပါ။
အလှမယ် ဆီလီမီးရဲ့ ခန္ဓာကိုယ်ဖြစ်ပြီးတော့ အမှန်တကယ်သေဆုံးကြောင်းကို အတည်ပြုခဲ့တာမို့ Miss Tourism Myanmar ကလည်း ဖော်ပြလာခဲ့တာပါ။
သူမကို မမျှော်လင့်ဘဲ ဆုံးရှုံးရမှုအတွက် ထိခိုက်နာကျင်ခံစားနေရတဲ့ မိသားစုနဲ့ ထပ်တူ Miss Tourism Myanmar Organization နဲ့ Blessed Entertainment က မိသားစုဝင်တွေ အထူးဝမ်းနည်းကြေကွဲကြောင်းကိုလည်း ဖော်ပြထားပါတယ်။
လီဆူမလေးဖြစ်တဲ့ အလှမယ် ဆီလီမီးကတော့ တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ 2019 Miss Tourism World intercontinental ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။