
၂.၄.၂၀၂၅
Written By Thandar
ပရိသတ်ချစ်ခင်မှုများစွာ ရရှိထားတဲ့ မင်းသမီး စမိုင်းလ်ကတော့ မတ်လ ၂၈ ရက်က ဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံက ငလျင်ဒဏ် ခံစားနေရတဲ့ ပြည်သူများအတွက် ပြည်ပနိုင်ငံကနေ ကျပ် ၁၆၁၁ သိန်း လှူဒါန်းခဲ့ပါတယ်။


“ငလျင်သင့်ပြည်သူများအတွက် ကျမတို့ မိသားစုက အလှူငွေ သိန်း ၁၆၁၁ သိန်းအား ကုသိုလ်ပြုလှူဒါန်းထားပါသည်။ အားလုံးအပူတွေအမြန်ဆုံးငြိမ်းနိုင်ကြပါစေ” လို့ မင်းသမီး စမိုင်းလ်က ပြောပါတယ်။
သူမကတော့ မြန်မာနိုင်ငံက ပရိသတ်အားလုံးက အားကျနှစ်သက်ရတဲ့ ဇနီးမောင်နှံလည်းဖြစ်ပါတယ်။ ယခင် မြန်မာပြည်တွင်းသာမက ပြည်ပနိုင်ငံတချို့ ဘေးအန္တရာယ်ကျရောက်ချိန်တိုင်းမှာ အားတက်သရောပါဝင် ကူညီလှူဒါန်းမှုတွေလည်းဖြစ်ပါတယ်။
စမိုင်းလ်တို့ မိသားစုဟာ သစ်တံခါးဆရာတော်ဘုရားထံကတစ်ဆင့် ယခင်ကျပ် ၁၁၁၁ သိန်းကိုလှူဒါန်းခဲ့ပြီးတော့ အောင်ဇမ္ဗူတောရဆရာတော်ကတစ်ဆင့် ကျပ်သိန်း ၅၀၀၀ ပေါင်းပြီး လက်ရှိလှူဒါန်းမှုအဖြစ် စုစုပေါင်းကျပ် ၁၆၁၁ သိန်းကို ပါဝင်လှုဒါန်းခဲ့တာပါ။