
MT News
၂.၄. ၂၀၂၅
မတ်လ ၂၈ ရက်က လှုပ်ခတ်တဲ့ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ နေပြည်တော်က ဟိုတယ်အေးချမ်းသာအောက်မှာ နာရီ ၁၀၀ ကျော်ကြာ ပိတ်မိနေသူကို ဒီနေ့မနက်မှာ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။
ငလျင်လှုပ်ခတ်ခဲ့ပြီး ၅ ရက်မြောက်နေ့ဖြစ်တဲ့ ဒီနေ့မနက်မှာ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ဟိုတယ်အေးချမ်းသာ(၆)ထပ်အဆောက်အဦ အောက်ဆုံး(၂)ထပ် ပြိုကျလို့ ပိတ်မိနေသူ(၂)ဦးထဲက အမျိုးသား(၁)ဦးကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တူရကီနိုင်ငံက GEA Search and rescue အဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဧပြီ ၂ ရက်ကူးစ ည သန်းခေါင် ၁၂ နာရီခွဲမှာ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တာပါ။
လက်ရှိမှာ ကျန်တဲ့တစ်ဦးကို ဆက်လက် ရှာဖွေလျက်ရှိသလို မနေ့ကလည်း နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ တိုက်အမှတ် ၃၃၆၉ က အသက် (၆၃)နှစ်ခန့် အမျိုးသမီးကြီး (၁)ဦးကို ငလျင်စတင်လှုပ်ခတ်ပြီး ၉၁ နာရီအကြာ ဧပြီ ၁ ရက်မှာ ကယ်တင်နိုင်ခဲ့ပါသေးတယ်။





