
၂. ၄. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကမ္ဘောဇဘဏ်အားလုံးတွင် ဘဏ်ဝန်ဆောင်မှုများကို ယခုဧပြီလ တစ်လတာအတွက် ဝန်ဆောင်ခ အခမဲ့ ပေးအပ်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
ပြင်းထန်ငလျင်ဒဏ်ခံစားခဲ့ရသော မြန်မာနိုင်ငံနေရာအနှံ့အပြားရှိ ပြည်သူများ ဝန်ဆောင်မှုရယူရာတွင် အဆင်ပြေစေရန် ရည်ရွယ်၍ ကမ္ဘောဇဘဏ်အနေဖြင့် “ဝန်ဆောင်ခ အခမဲ့” အစီအစဉ်ဖြင့် ပံ့ပိုးကူညီပေးခြင်းဖြစ်ကြောင်း သိရသည်။
Customer များအနေဖြင့် ၂၀၂၅ ဧပြီလ ၁ ရက်မှ ဧပြီလ ၃၀ ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မည်သည့်ကမ္ဘောဇဘဏ်တွင်မဆို Cash Deposit – ငွေသွင်းခြင်း၊ Cash Withdrawal – ငွေထုတ်ခြင်း၊ Inhouse Cheque Deposit (ချက်လက်မှတ်ဖြင့် ငွေသွင်းခြင်း)၊ Cheque Withdraw (ချက်လက်မှတ်ဖြင့် ငွေထုတ်ခြင်း)၊ Account to Account Transfer (Debit Account အနေဖြင့်ဖြစ်စေ၊ Credit Account အနေဖြင့်ဖြစ်စေ Account အချင်းချင်း ငွေလွှဲခြင်း) များကို ပြုလုပ်ရာတွင် ဝန်ဆောင်ခ ကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။
ကမ္ဘောဇဘဏ်သည် ငလျင်ဘေးဒဏ်ခံစားရသည့် ပြည်သူများအာလုံးကို လွယ်ကူအဆင်ပြေသော ဘဏ်ဝန်ဆောင်မှုများပေးအပ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်နှင့်အညီ ဘေးအန္တရာယ်ကျရောက်ချိန်မှစ၍ ပြန်လည်ထူထောင်ရေးအထိ ပြည်သူများနှင့်အတူ ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။