
၁.၄.၂၀၂၅
Written By Thandar
ပရဟိတမိခင်ခင်ကြီးလို့ တင်စားခေါ်ဝေါ်ခံရတဲ့ မင်းသမီးခိုင်နှင်းဝေကတော့ ယနေ့ ဧပြီ ၁ ရက်မှာ ငလျင်ဘေးသင့်ခံခဲ့ရတဲ့ စစ်ကိုင်းဘက်ကို ငွေကျပ်သိန်း တစ်သောင်း၊ ထမင်းဗူး ၅၀၀၀ နဲ့ လိုအပ်တဲ့ပစ္စည်းတွေကို အရေးကြီးတဲ့နေရာတွေမှာ အဓိကလှူဒါန်းကူညီဖို့ သွားရောက်နေပြီဖြစ်တယ်လို့ သိရပါတယ်။


“သဘာဝဘေးအတွက် အလှုငွေ သိန်း ၂ သောင်းပြည့်ပါပြီရှင်…။ စစ်ကိုင်းအတွက် ငွေကျပ်သိန်း ၁ သောင်း၊ ထမင်းဗူး ၅၀၀၀ နဲ့ လိုအပ်တာတွေ စတင် ကူညီသွားပါမယ်ရှင်.. ။ ခုနစ်ရက် သားသမီး အလှူရှင်တွေ အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။ အရေးကြီးနေရာတွေကို အဓိကထားလှူဒါန်းသွားမှာပါ ”လို့ သရုပ်ဆောင် ခိုင်နှင်းဝေက ပြောပါတယ်။

သူမကတော့ မတ်လ ၂၈ ရက် ငလျင်စလှုပ်တဲ့ ရက်ကတည်းကပင် ကျပ်သိန်း ၁၀၀၀ မ,တည်ပြီးတော့ လှူဒါန်းမှုတွေလုပ်ဆောင်ဖို့ကို စတင်ခဲ့ရာ အနုပညာအသိုင်းအဝိုင်းတွေအပြင် စေတနာရှင်ပြည်သူတွေကလည်း အလှူငွေတွေကို ယုံကြည်စိတ်ချစွာနဲ့ ပါဝင်လှူဒါန်းခဲ့တာမို့ ကျပ်သိန်း ၂သောင်းပြည့်ခဲ့တာလည်းဖြစ်ပါတယ်။