



၃၁.၃.၂၀၂၅
Written By Thandar
ပရိသတ်ချစ်ခင်မှုကို အခိုင်အမာရရှိထားတဲ့ မင်းသမီး သင်ဇာဝင့်ကျော်ကတော့ ပဌာန်းကျောင်းဆရာတော်က တစ်ဆင့် မြေငလျင်ဘေးသင့်ပြည်သူတွေအတွက် ကျပ်သိန်း ၅၀ ပါဝင်လှူဒါန်းခဲ့ပါတယ်။
“ငလျင်ဘေးလှူဒါန်းဖို့ အလို့ငှါ ကျပ် သိန်း ၅၀ ကို ပဌာန်းကျောင်းဆရာတော်ကတစ်ဆင့် လှူဒါန်းခဲ့ပါတယ်”လို့ သရုပ်ဆောင် သင်ဇာဝင့်ကျော်က ပြောပါတယ်။
ဒါ့ပြင် သူမကတော့ အဖြူရောင်မေတ္တာ ပရဟိတလူငယ်အသင်းကိုလည်း အလှူတော်ငွေ ကျပ်သိန်း ၂၀ ကို ထပ်မံလှူဒါန်းခဲ့ပါတယ်။
အဆိုပါ ငလျင်ဘေးဖြစ်ပေါ်တဲ့ နေရာတွေကို ပဌာန်းကျောင်းဆရာတော်ဘုရားက ကျပ်သိန်း ၁၀၀ ဦးဆောင်မှုနဲ့အတူ စေတနာရှင်ဘုရား ဒါယကာကြီးတွေ မိသားစုတွေဖြစ်ကြတဲ့ ကိုမျိုးမင်းဦး+ မော်ဒယ်လ် Ella may မိသားစုက ကျပ် ၂ သိန်း၊ လိုင်လီ(စိန်တိုက်)မိသားစုက ကျပ် သိန်း ၃၀၊ ကိုချစ်နိုင်ကိုက ကျပ် ၃ သိန်း၊ ဒေါက်တာကောင်းမြတ်ဝင်းမိသားစုက ကျပ် ၁၀ သိန်း၊ Regal Alliance ဆောက်လုပ်ရေးမိသားစုက ကျပ် ၁၀ သိန်း၊ သရုပ်ဆောင် ကိုနေရဲ+မချောနဲ့ ၇ ရက်သားသမီးတွေက ကျပ် ၃ သိန်း၊ မအေးမြတ်နိုးစံမိသားစုက ကျပ် ၁၀ သိန်း၊ သရုပ်ဆောင် သင်ဇာဝင့်ကျော်က ကျပ်သိန်း ၅၀ တို့ကို ပါဝင်လှူဒါန်းခဲ့ကြပါတယ်။
ပဌာန်းကျောင်းဆရာတော် ဦးဆောင်မှုနဲ့အတူ လာမယ့် ဧပြီလ ၃ ရက်မှာ ရန်ကုန်မှ စတင်ထွက်ခွာပြီး သူရိယမေတ္တာသာသနာနုဂ္ဂဟအဖွဲ့သားတွေနဲ့ စစ်ကိုင်း၊ မန္တလေး၊ အင်းဝ၊ နေပြည်တော် စတဲ့နေရာတွေကို မြေပြင်အထိ ထိရောက်စွာသွားလှူဒါန်းမယ်လို့ သိရပါတယ်။