
၃၁.၃.၂၀၂၅.
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ ရှီကျင့်ဖိန်ဟာ ဧပြီလအတွင်းမှာ မလေးရှားနိုင်ငံသို့ သုံးရက်ကြာခရီးနဲ့ ဗီယက်နမ်နိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ကိုပါ ချစ်ကြည်ရေးခရီးတွေသွားရောက်ဖို့ ရှိတယ်လို့ မျှော်လင့်ရပါတယ်။
သမ္မတ ရှီကျင့်ဖိန် အနေနဲ့ အမေရိကန်သမ္မတ ထရန့်ရဲ့ ဒုတိယသက်တမ်းကာလအတွင်းမှာ အမေရိ ကန်ရဲ့ မူဝါဒအပေါ် ဒေသတွင်းနိုင်ငံတွေကစိုးရိမ်မှုတွေဖြစ်နေတဲ့အကြား အိမ်နီးချင်းဆက်ဆံမှုတွေ အရှိန်ရလာအောင် အားထုတ်တဲ့အနေနဲ့သွားရောက်လည်ပတ်တာလို့ ယူဆရပါတယ်။
သံတမန်အရင်းအမြစ်တွေက ရှီရဲ့ ချစ်ကြည်ရေးခရီးက ဧပြီလလယ်လောက်မှာ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ဆိုကြပါတယ်။
အမည်မဖော်ပြတဲ့ တခြားအရင်းအမြစ်တစ်ခုကလည်း မလေးရှားနိုင်ငံခရီးက ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် တရုတ်နိုင်ငံသို့ သွားရောက်စဉ် ရှီနဲ့တွေ့ခဲ့မှုရဲ့အပြု သဘောရလဒ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံအနေနဲ့ဒေသအတွင်း နိုင်ငံတွေနဲ့ ခိုင်မာတဲ့ကုန်သွယ်ရေးဆက်ဆံမှုတွေ ထူထောင်နိုင်ဖို့ကြိုးစားနေပါတယ်။ ဒါပေမယ့် တချို့နိုင်ငံတွေနဲ့ တောင်တရုတ်ပင်လယ်အရေးကြောင့် အငြင်းပွားမှုတွေလည်း နှစ်ကြာရှည်စွာဖြစ်နေရပါတယ်။
Ref- SCMP