
MT News
၃၁. ၃. ၂၀၂၅
တရုတ်နိုင်ငံ၏ ပထမဆုံးအသုတ် အရေးပေါ်လူသားချင်းစာနာထောက်ထားမှု ငလျင်ဘေး ကယ်ဆယ်ရေးပစ္စည်းများသည် ပေကျင်း မြို့တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ယနေ့ မတ်လ ၃၁ ရက်တွင် ထွက်ခွာလာခဲ့ပြီး ယနေ့ပင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။
မြန်မာအစိုးရ၏ တောင်းဆိုချက်အရ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအား ယွမ် သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၉ သန်း) တန်ဖိုးရှိသော ငလျင်ကယ်ဆယ်ရေး အထောက်အကူပြုအရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရန် ဆုံးဖြတ်ခဲ့ပြီး အဆိုပါ ကနဦးကယ်ဆယ်ရေးပစ္စည်းများတွင် ရွက်ဖျင်တဲများ၊ ခြုံစောင်များနှင့် အရေးပေါ်ကယ်ဆယ်ရေးအိတ်များ ပါဝင်ကြောင်း တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီထံမှ သိရသည်။

ထို့အပြင် ယူနန်ပြည်ပချစ်ကြည်ရေးအသင်းသည် ယူနန်ပြည်နယ် ယူနန်ကုန်သည်ကြီးများအသင်းချုပ် ဥက္ကဋ္ဌဌာနနှင့်ညှိနှိုင်း၍ မြန်မာနိုင်ငံ ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပံ့ပိုးကူညီပေးရန် မြန်မာနိုင်ငံအစိုးရထံသို့ နှာခေါင်းစည်း၊ ကာကွယ်ရေးဝတ်စုံ၊ ဆေးဝါး စသည့် ယွမ် ၁ သန်းခန့် တန်ဖိုးရှိသော ကုသရေးပစ္စည်းများ လှူဒါန်းပေးအပ်သွားမည်ဖြစ်ကြောင်း ယူနန်ပြည်နယ်အစိုးရ တရုတ်နွယ်ဖွားရေးရာရုံးမှ သိရှိရသည်။

အဆိုပါပစ္စည်းများကို ယနေ့ နေ့လယ် ၃ နာရီဝန်းကျင်တွင် ယူနန်ပြည်နယ် ကူမင်းမြို့ ချန်ရွှေအပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံ နေပြည်တော်လေဆိပ်သို့ မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airline) UB8804 ခရီးစဉ်ဖြင့် သယ်ယူပို့ဆောင်မည်ဖြစ်ကာ ခန့်မှန်းခြေ ဒေသစံတော်ချိန် မတ် ၃၁ ရက် နေ့လယ် ၃ နာရီဝန်းကျင်တွင် နေပြည်တော်သို့ ပို့ဆောင်ရောက်ရှိလာခဲ့သည်။
Ref & Photo ,Xinhua