
၃၁.၃.၂၀၂၅
Written By Thandar
ပရိသတ်ချစ်ခင်မှုများစွာ ရရှိထားတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကတော့ ငလျင်ဘေးသင့်ပြည့်သူတွေအတွက် အမှန်တကယ်လိုအပ်နေတဲ့ ရေသန့်ဘူး သိန်း ၂၀၀ ဖိုး မန္တလေးဆေးရုံကြီး၊ အရိုးဆေးရုံနဲ့ တခြားနေရာတွေအတွက် ဝယ်ယူလှူဒါန်းခဲ့ပါတယ်။


“ငလျင်ကြောင့်မို့ မြို့ထဲတစ်လျှောက်လည်း ပြိုကျတာနဲ့ စောင်းနေတာနဲ့ အက်နေတာနဲ့ ဘဝမှာ ဒီလောက်ကြီး သွက်သွက်ခါအောင်လှုပ်တာ ဒီတစ်ကြိမ်ပဲကြုံဖူးပါတယ်။ အားလုံး အမြန်ဆုံးအဆင်ပြေ ချောမွေ့ကြပါစေ ခင်ဗျာ။ အင်တာနက်မိလိုက် မမိလိုက်ဖြစ်နေလို့ အခုမှတင်တာပါ။ ကျွန်တော် ပါဝင်သီဆိုမယ့်ပွဲတွေ အကုန်လုံးကို ရပ်ဆိုင်းထားပါတယ်။ ရေသန့်ဘူး သိန်း ၂၀၀ ဖိုး ဝယ်ယူလှူဒါန်းပါတယ်။ ၁ လီတာ ဘူးပေါင်း ၃၃၀၀၀ ကျော် ရပါတယ်။ ရေအလှူတော်အနေနဲ့ ရေသန့်ဘူး သိန်း ၂၀၀ ဖိုး ဝယ်ယူ လှူဒါန်းပါတယ်။ မန္တလေးဆေးရုံကြီး၊ မန္တလေး အရိုးဆေးရုံနဲ့ ကျန်တဲ့ လိုအပ်နေရာတွေကို ပို့ဆောင်ပါမယ်။ အားလုံးအမြန်ဆုံး အဆင်ပြေပါစေခင်ဗျာ” လို့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။
သူကတော့ လက်ရှိလက်ခံထားတဲ့ ဂီတဖျော်ဖြေပွဲတွေကိုလည်း ငလျင်ဘေးသင့်ပြည်သူတွေ ပူဆွေး သောကရောက်နေတဲ့ ကာလမို့ ရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။