
MT News
၃၁. ၃. ၂၀၂၅
ငလျင်ဘေးဒဏ်သင့် ဒေသများတွင် ဧရာဝတီဘဏ်လုပ်ငန်းရှင်သူဌေးကြီး ဦးဇော်ဇော်၏ ဧရာဝတီဖောင်ဒေးရှင်းက ကယ်ဆယ်ရေးလုပ်ငန်းများကို စက်ယန္တရားများဖြင့် ဆောင်ရွက်လျက်ရှိသည်ဟု ၂၀၂၁ နွေဦးဖြစ်စဥ်နောက်ပိုင်းကတည်းက ငြိမ်သက်သွားသည့် Ayeyarwady Foundation Page က ဦးဇော်ဇော်၏ ပုံနှင့်တကွ ယမန်နေ့တွင် သတင်းထုတ်ပြန်လာသည်။




ငလျင်ဘေးဒဏ် ဆိုးရွားစွာကြုံတွေ့ခံစားခဲ့ရသော မန္တလေး၊ နေပြည်တော်၊ အောင်ပန်းနှင့် အခြားဒေသများ၏ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် 100 Tons and 35 Tons Mobile Crane, Excavator, Wheel Loader, Dump Truck, Mini Excavator, Water Bowser အစရှိသည့် စက်ယာဉ်ယန္တရား အစီး(၃၀)ပို့ဆောင်၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။



ထို့အတူ ကယ်ဆယ်ရေး ဆောင်ရွက်နေကြသည့် စက်ယန္တရားများနှင့် လူနာတင်ယာဉ်များ၏ စက်သုံးဆီလိုအပ်ချက်များအတွက် မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ ဟဲဟိုးတို့ရှိ Max Energy ဆိုင်များမှတစ်ဆင့် အခမဲ့ ပံ့ပိုးပေးလျက်ရှိပြီး ငလျင်ဒဏ်သင့်ပြည်သူများအတွက် ဧရာဝတီဖောင်ဒေးရှင်း အနေဖြင့် Max Myanmar Group, AYA Financial Group တို့နှင့် ပူးပေါင်း၍ တတ်စွမ်းသရွေ့ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း အသိပေးထားသည်။