
၃၁. ၃. ၂၀၂၅
Written by Nay Moe
ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်နယ်စပ် မောင်တောဒေသမှာ ဘင်္ဂါလီလက်နက်ကိုင် ARSA အဖွဲ့က ရခိုင်လက်နက်ကိုင် AA အဖွဲ့ဝင် နှစ်ယောက်ကို မတ်လ ၂၉ ရက်နေ့က တိုက်ခိုက်ခဲ့ရာမှာ AA လက်နက်ကိုင်နှစ်ယောက် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။


မောင်တောမြို့နယ် တောင်ပြို-ကြိမ်ချောင်း ကားလမ်းမှာ ဆိုင်ကယ်နဲ့ကင်းလှည့်နေတဲ့ AA လက်နက်ကိုင် ၂ ယောက်ကို အင်အား ၁၀ ဦးကျော်ပါ ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့တာပါ။
၁ မိနစ်နဲ့ ၂၅ စက္ကန့်ကြာ ရုပ်သံဖိုင်မှာ ခြုံကြားကထွက်လာတဲ့ ARSA တွေက ကားလမ်းမပေါ် ဆိုင်ကယ်စီးလာတဲ့ AA လက်နက်ကိုင်နှစ်ယောက်ရဲ့ ဆိုင်ကယ်ကို အလ္လာဟုအက္ကဘာလို့ ကြွေးကြော်ပစ်သတ်ပြီး သေနတ်တွေ ယူဆောင်သွားခဲ့တာ တွေ့ရပါတယ်။