
၃၁.၃.၂၀၂၅
Written By Thandar
မတ်လ၂၈ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ငလျင်ဒဏ်ကြောင့် အသက်စည်းစိမ်အိုးအိမ် ထိခိုက်ပျက်စီးခဲ့ရတဲ့ မြန်မာပြည်သူပြည်သားတွေကို vivo Myanmar က ကျပ်သိန်း ၅၀၀ တန်ဖိုးရှိတဲ့ လူသုံးကုန်၊ ဆေးဝါး၊ စားသောက် ကုန်တွေသွားရောက်လှူဒါန်းဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ အနေနဲ့ ကိုယ့်မြန်မာပြည်တွင်း ငလျင်ဒဏ်ကြောင့် အသက်အိုးအိမ် ထိခိုက်ခဲ့ရတဲ့သူတွေ အတွက် တော်တော်လေး စိတ်မကောင်းမရလို ထပ်တူ vivo Myanmar က များစွာ ဝမ်းနည်း ကြေကွဲရပါတယ်။ လက်ရှိ မြေပြင်မှာ လိုအပ်ချက်တွေကို ဆွေးနွေးလေ့လာပြီး လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူဆောင်ရွက် ပြင်ဆင်နေပါတယ်။ ငွေကျပ် သိန်း ၅၀၀ တန်ဖိုးရှိတဲ့ လူသုံးကုန်ပစ္စည်းတွေ ဆေးဝါး၊ စားသောက်ကုန်အစရှိတဲ့ ပစ္စည်းတွေကို ပြည်သူလူထုကို အနီးကပ်ကူညီစောင့်ရှောက်ပေးနေတဲ့ အဖွဲ့အစည်းတွေကတစ်ဆင့် ကူညီပေးဝေသွားမှာပါ။ သွားရောက်လှူဒါန်းမယ့် နေရာတွေကို အသေးစိတ်ဝေမျှမှာပါ ” လို့ Vivo Myanmar ကတာဝန်ရှိသူတစ်ဦးက MT Entertainment ကို ပြောပါတယ်။