
၃၁.၃.၂၀၂၅
Written By Thandar
ပရိသတ်ချစ်ခင်မှုများစွာ ရရှိထားတဲ့ ရုပ်ရှင်သရုပ်ဆောင် မိုးဟေကိုကတော့ မတ်လ ၂၈ ရက်က ဖြစ်ပွားတဲ့ ငလျင်ဘေးသင့် ပြည်သူတွေအလှူအနေနဲ့ ၁၈ မိုင်တောရ ဆရာတော်ထံမှတစ်ဆင့် ကျပ်သိန်း ၅၀ ပါဝင်လှူဒါန်းခဲ့ပါတယ်။



“လက်ရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူတွေအတွက် မိုးအနေနဲ့ ၁၈မိုင်တောရ ဆရာတော်ထံကနေ ကွယ်လွန်သွားကြတဲ့ ဖေဖေ၊ မေမေနဲ့ မောင်လေးအတွက် ရည်စူးပြီးတော့ အလှူငွေပါဝင်လှူဒါန်းခဲ့ပါတယ်။ ဒီအလှူမှာ ၇ ရက်သားသမီးတွေရဲ့ အလှူလေးလည်းဖြစ်ပါတယ်။ အမြန်ဆုံး ဘေးအန္တရာယ်အပေါင်းက ကင်းဝေးကြပါစေ”လို့ သရုပ်ဆောင် မိုးဟေကိုက ပရိသတ်သိအောင်ပြောပါတယ်။


သူမကတော့ ဖခင်ဦးကျော်မင်း+မိခင်ဒေါ်နုနုစိန်၊ မောင်လေး ဖုန်းမြင့်ကျော်တို့အား ရည်စူးပြီးတော့ ၇ ရက် သားသမီးတွေရဲ့ ကုသိုလ်တော် ကျပ်သိန်း ၅၀ ကို ပါဝင်လှူဒါန်းခဲ့ပါတယ်။ ၁၈ မိုင်တောရဆရာတော် ဦးဆောင်ပြီးတော့ ကနဦးကျပ်သိန်း ၈၀၀ မ,တည်ပြီး သာသနာပြု တပည့် ဒကာ/ဒကာမတွေနဲ့အတူ ငလျင်ဒဏ်သင့် ပြည်သူတွေကို လှူဒါန်းသွားမှာလည်းဖြစ်ပါတယ်။