
MT News
၃၁. ၃. ၂၀၂၅
မန္တလေးမြို့တွင် Sky Villa ကွန်ဒိုနှင့် ဂရိတ်ဝေါဟိုတယ်တို့တွင် ငလျင်ကြောင့် ပိတ်မိနေသော်လ် အသက်ရှင်ကျန်ရစ်သူ (၄) ဦးကို တရုတ်ကယ်ဆယ်ရေးအဖွဲ့မှ ညတွင်းချင်း ကယ်တင်နိုင်ခဲ့သည်ဟု တရုတ်သံရုံးက ယခု ထုတ်ပြန်သည်။

မတ်လ ၂၈ ရက်တွင် အင်အား ၇ ဒသမ ၇ အဆင့်ဖြင့် ပြင်းထန်စွာလှုပ်ခတ်ခဲ့သော မြန်မာ့ငလျင်ကို ကူညီကယ်ဆယ်ရန် ရောက်ရှိလာသော တရုတ်ကယ်ဆယ်ရေးအဖွဲ့သည့် မတ်လ ၃၁ ရက် ယနေ့နံနက် ဒေသစံတော်ချိန် နံနက် ၅ နာရီ ၃၇ မိနစ် နှင့် ၆ နာရီ ၂၀ မိနစ်တို့တွင် ညလုံးပေါက် အင်တိုက်အားတိုက်ဆက်လက်ကယ်ဆယ်ရာမှ တရုတ်ကယ်ဆယ်ရေးအဖွဲ့နှင့် တရုတ် Ramunion Rescue ကယ်ဆယ်ရေး အဖွဲ့တို့ ပူးပေါင်း၍ မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုတွင် နာရီ ၆၀ ကျော်ကြာ အပျက်အစီးပုံအောက် မြုပ်နေသည့် အသက် ၅ နှစ်အရွယ် ကလေး ၁ ဦး၊ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးနှင့် အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတို့ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ ကယ်ထုတ်ချိန်တွင် ကလေးငယ်၏ အသက်ရှင်သန်နိုင်မည့် လက္ခဏာများ ကောင်းမွန်ခဲ့ပြီး ၂ ဦးစလုံးကို ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့သည်။

ထို့မတိုင်မီ မတ်လ ၃၁ ရက်နေ့ကူးစ နံနက် ၀၀ နာရီ ၄၀ မိနစ် အချိန်ကလည်း မန္တလေးမြို့ ဂရိတ်ဝေါဟိုတယ်တွင် ပိတ်မိနေသော အမျိုးသမီး ၁ ဦးကို တရုတ်ကယ်ဆယ်ရေးအဖွဲ့မှ ကယ်တင်ခဲ့ပြီး တရုတ်ကယ်ဆယ်ရေးအဖွဲ့သည် ငလျင်ဖြစ်ပွားရာနေရာ၌ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။