
၃၀.၃.၂၀၂၅
Written By Thandar
သရုပ်ဆောင် ခိုင်နှင်းဝေက လက်ရှိ အလှူငွေကောက်ခံရရှိငွေ ကျပ်သိန်း ၄၀၀၀ ကျော်ကို မတ်လ ၃၁ ရက်မှာ ငလျင်ဘေးကြောင့် ထိခိုက်ဆုံးရှုံးကြတဲ့ စစ်ကိုင်း၊ မန္တလေးဘက်ကို ရောက်စွာကူညီပေးသွားမယ်လို့ ဆိုပါတယ်။
“မင်္ဂလာပါရှင်။ သဘာဝဘေးအတွက် အလှုငွေ သိန်း (၄) ထောင်ခန့် ရရှိထားပါတယ်ရှင်။ စစ်ကိုင်း၊ မန္တလေးဘက်ကို သေချာပြင်ဆင်ပြီး ထိရောက်စွာ ကူညီပေးနိုင်ဖို့အတွက် အားလုံး ကူညီစောင့်ရှောက် စိတ်ရှည်ပေးကြပါရန် လေးစားစွာ ထပ်မံ တောင်းပန်အပ်ပါသည်ရှင့်”လို့ သရုပ်ဆောင် ခိုင်နှင်းဝေက ပြောပါတယ်။

သူမကတော့ မတ်လ ၃၁ ရက်နေ့မှာ စတင်ပြီး မန္တလေး ၊ စစ်ကိုင်းဘက်သို့ ငွေသားတွေ သွားရောက် ကူညီပေးမှာ ဖြစ်ပါတယ်လို့ဆိုပါတယ်။
” အလှုရှင်များ အနေနဲ့ Page မှာ စာမပြန်နိုင်ခြင်းများ အပေါ် နားလည်ပေးနိုင်ပါရန် Banking များနဲ့သာ ငွေလွှဲပေးပါရန် lနှင့် မှတ်တမ်းလေးများကို စိတ်ရှည် သီးခံပြီး စောင့်ပေးကြပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည် ရှင်” လို့ ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာကိုယ်စား ဆက်ပြောလာပါတယ်။
ငလျင်ဘေးဖြစ်ပေါ်ချိန်မှာ နာမည်နဲ့ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာ Page အတုကနေ လိမ်လည်မှုတွေဖြစ်ပေါ်နေပါတယ်။

ခိုင်နှင်းဝေက ငလျင်ဘေးမှာ အမှန်တကယ်လိုအပ်နေတဲ့ မန္တလေးပြည်သူ့ ဆေးရုံကြီးကို 200 KVA (တန်ဘိုးငွေ $26250) မြန်မာငွေသိန်း ၁ထောင်ကျော် တန်ဘိုးရှိ မီးစက်တစ်လုံးကို ခုနစ်ရက် သားသမီးများ အလှုအဖြစ် လှုဒါန်းကူညီခဲ့တယ်လို့ သိရပါတယ်။