ယနေ့ နေ့လယ်ပိုင်း ထုတ်ပြန်သည့် စာရင်းထက် သေဆုံးသူ ၆၃၇ ဦး၊ ဒဏ်ရာရရှိသူ ၁၀၉ ဦး ထပ်မံတိုးလာ




၂၉. ၃. ၂၀၂၅
Written by Nyein Kyaw
လက်ရှိအချိန်အထိ နောက်ဆုံးကောက်ယူရရှိသော စာရင်းများအရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငလျင်ဒဏ်သင့်ခဲ့ရသည့် ဒေသများအားလုံး၌ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူစုစုပေါင်း ၁,၆၄၄ ဦး၊ ဒဏ်ရာရရှိသူစုစုပေါင်း ၃,၄၀၈ ဦး၊ ပျောက်ဆုံးနေသူ ၁၃၉ ဦးရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့ နေ့လယ်ပိုင်းတွင် ထုတ်ပြန်ထားသည်။
ယနေ့ နေ့လယ်ပိုင်းတွင် ထုတ်ပြန်ထားသည့် စာရင်းများအရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငလျင်ဒဏ်သင့်ခဲ့ရသည့် ဒေသများအားလုံး၌ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူစုစုပေါင်း ၁၀၀၇ ဦး၊ ဒဏ်ရာရရှိသူစုစုပေါင်း ၂,၃၈၉ ဦး၊ ပျောက်ဆုံးနေသူ ၃၀ ဦးရှိကြောင်း ထုတ်ပြန်ခဲ့သည်။
ယနေ့ ညပိုင်း နောက်ဆုံးထုတ်ပြန်သည့် စာရင်းအရမူ နေ့လယ်ပိုင်းထုတ်ပြန်ချက်ထက် သေဆုံးသူ ၆၃၇ ဦး၊ ဒဏ်ရာရရှိသူ ၁၀၉ ဦးနှင့် ပျောက်ဆုံးသူ ၁၀၉ ဦးအထိ ထပ်မံတိုးလာခဲ့သည်။
မတ်လ ၂၈ ရက်(ယမန်နေ့)တွင် ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မြေငလျင်နှင့် နောက်ဆက်တွဲငလျင်ငယ်များ လှုပ်ရှားမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော် ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့၌ ငလျင်ဒဏ်သင့်ခဲ့ရပြီး လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရကာ ပြည်သူအချို့ အသက်သေဆုံးခဲ့ရမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့ရသဖြင့် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာနယ်မြေအလိုက်ဆောင်ရွက်လျက်ရှိသည်။