




၂၉. ၃. ၂၀၂၅
Written by Thettant
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မြို့မအုပ်စု၊ ကြည်တော်ကုန်းရပ်ကွက်၊ မင်းနန်သူဘုရားတွင် ငလျင်လှုပ်ခတ်မှုကြောင့် စေတီပြိုကျပျက်စီးပြီး ပိတ်မိနေသူများအား ရမည်းသင်းခရိုင်/မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
ရမည်းသင်းမြို့နယ်အတွင်း ငလျှင် လှုပ်ခတ်မှုကြောင့် ယနေ့ နေ့လယ်ခင်းအချိန်အထိ သေဆုံးသူ ၆၀ နီးပါးရှိပြီး ဒဏ်ရာရရှိသူ ၁၀၀ နီးပါးရှိကာ ဘာသာပေါင်းစုံ ဝတ်ပြု ဆုတောင်း အဆောက်အဦ ၅၀ နီးပါးနှင့်ဘာသာပေါင်းစုံ ဘာသာရေး စာသင်ကျောင်း ၂၀ နီးပါး ပြိုကျ ပျက်စီးသွားကြောင်း မွန်မြတ်သူအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကလည်း ဖော်ပြထားသည်။
ရမည်းသင်းမြို့နယ်အတွင်း ထိခိုက်မှုများပြားသော ဘာသာရေးအဆောက်အအုံနှင့် ကျောင်းများမှာ အစ္စလာမ်ဘာသာဝင်တို့၏ ဘာသာရေးအဆောက်အအုံနှင့် ကျောင်းများ အများစုပါဝင်ခဲ့ပြီး ရမည်းသင်းမြို့ပေါ်နှင့် ကျေးရွာများမှ ဗလီ ၁၀ လုံးထက်မနည်း ပြိုကျပျက်စီးကာ အများစုမှာ ရာမဇန်ဥပုသ်ကာလ သောကြာနေ့ဝတ်ပြုချိန်ဖြစ်၍ ထိခိုက်မှုလည်း များခဲ့သည်။ Photo – MFSD & CJ