
၂၉. ၃. ၂၀၂၅
Written by Nyein Kyaw
မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) မှ ငလျင်ဒဏ်သင့် မြန်မာပြည်သူများထံသို့ ပြည်တွင်း၊ ပြည်ပမှ ကယ်ဆယ်ရေးပစ္စည်းများအား အခမဲ့သယ်ယူပို့ဆောင်ပေးမည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်းမှ အသိပေးထုတ်ပြန်ထားသည်။


“မြန်မာအမျိုးသားလေကြောင်းမှ မြေငလျင်သင့် ပြည်သူများထံသို ကယ်ဆယ်ရေးပစ္စည်းများနှင့်ဆေးဝါးများ အဆင်ပြေချောမွေ့စွာရောက်ရှိနိုင်စေရန်အတွက် ပြည်တွင်း၊ ပြည်ပ ခရီးစဉ်များဖြင့် အခမဲ့သယ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်” ဟု MNA မှ အသိပေးထုတ်ပြန်ထားသည်။



ထို့ပြင် ငလျင်ဒဏ်ခံစားခဲ့ကြရသော မြန်မာပြည်သူများအတွက် နိုင်ငံတကာမှ လူသားချင်းစာနာထောက်ထားသောအားဖြင့် ကူညီရန်အတွက် ယနေ့ နံနက်ပိုင်းတွင် China Eastern Airlines ဖြင့် ရောက်ရှိလာသော တရုတ်နိုင်ငံမှ ကယ်ဆယ်ရေးဝန်ထမ်း ၃၇ ဦးအပြင် ၅၀၄၁ ကီလို အလေးချိန်ရှိသော ကယ်ဆယ်ရေးပစ္စည်းများနှင့် Indian Air Force ဖြင့် အိန္ဒိယနိုင်ငံမှ ရောက်ရှိလာသော ၁၅ ဒသမ ၃ တန် အလေးချိန်ရှိသော ကယ်ဆယ်ရေးပစ္စည်းများအား ရန်ကုန်လေဆိပ်တွင် MNA လေကြောင်းလိုင်းမှ လိုအပ်သော မြေပြင်ဝန်ဆောင်မှု လုပ်ငန်းများအား အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။