
၂၉.၃.၂၀၂၅
Written by Thiri
ဖျက်အားပြင်း စစ်ကိုင်းပြတ်ရွေ့ ငလျင်လှုပ်ခတ်မှုမှာ ဘေးအန္တရာယ်သင့်ခဲ့တဲ့ ပြည်သူတွေအတွက် ရုပ်ရှင်မင်းသမီး ခိုင်နှင်းဝေ ဦးဆောင်တဲ့ ခိုင်နှင်းဝေပရဟိတအသင်းဆီ အနုပညာရှင်တချို့ ငွေကြေးပါဝင်လှူဒါန်းလာပါတယ်။





သဘာဝဘေးအတွက် လိုအပ်တဲ့ နေရာတွေမှာ ကူညီဖို့ ခိုင်နှင်းဝေ ပရဟိတအသင်းမှ ခုနစ်ရက် သားသမီးများအလှုအဖြစ် ငွေကျပ် သိန်း တစ်ထောင် မ’တည်ထားသလို ရုပ်ရှင်မင်းသမီး ဝတ်မှုန်ရွှေရည်တို့ ဇနီးမောင်နှံက ကျပ် သိန်းသုံးရာ၊ ရုပ်ရှင်မင်းသား နေတိုးမိသားစုက ကျပ် သိန်းတစ်ရာ၊ မင်းသမီး အိချောပိုမိသားစုက ကျပ်သိန်းတစ်ရာ လှူဒါန်းခဲ့ပါတယ်။ နောက်ထပ်လည်း သရုပ်ဆောင် အဆိုတော် မေလသံစဉ်က ကျပ်သိန်း ၆၀၊ အဆိုတော် လွှမ်းပိုင်က ကျပ်သိန်း ၅၀၊ အဆိုတော် ရဲလေးက ကျပ် သိန်း ၃၀ မင်းသမီး ယုသန္တာတင်က ကျပ် သိန်း ၅၀ နဲ့ အခြား နာမည်ကျော်သရုပ်ဆောင် ဇာတ်ပို့ ဇာတ်ရန်တွေလည်း ပါဝင်လှူဒါန်းနေကြတာ တွေ့ရပါတယ်။
ရုပ်ရှင်နဲ့ ပရဟိတ မင်းသမီး ခိုင်နှင်းဝေက ပြီးခဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ အတွင်းက ကြုံတွေ့ခဲ့ရတဲ့ ရေကြီးရေလျှံမှု သဘာဝဘေးအန္တရာယ် ဖြစ်စဉ်မှာလည်း ပြည်သူတွေ ပျက်စီးသွားတဲ့ တိုက်တာအိုးအိမ်အဆောက်အဦး ပျက်စီးမှုတွေကို ဖြည့်ဆည်းလှူဒါန်းပေးခဲ့လို သဘာဝဘေး ကြုံတွေ့နေရတဲ့ ပြည်သူတွေဆီ ကိုယ်တိုင်သွားရောက်ကာ စိတ်ခွန်အားပေးခဲ့သူလည်း ဖြစ်ပါတယ်။