
MT News
၂၉. ၃. ၂၀၂၅
နိုင်ငံတကာဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (CIDCA) ၏ ပြောရေးဆိုခွင့်ရှိသူ Mr. Li Ming က မြန်မာနိုင်ငံတွင် ပြင်းထန်သောငလျင်ကြောင့် လူအများအပြားအသက်ဆုံးရှုံးမှုနှင့် ပစ္စည်းဥစ္စာများ ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သလို မြန်မာအစိုးရ၏ တောင်းဆိုချက်အရ တရုတ်အစိုးရသည် မြန်မာနိုင်ငံသို့ အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ယွမ် ၁၀၀ သန်း ပံ့ပိုးရန် ဆုံးဖြတ်ခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့ ၂ ဖွဲ့စေလွှတ်ကာ တဲများ၊ စောင်များ၊ အရေးပေါ်ဆေးဘက်ဆိုင်ရာအထုပ်များ၊ အစားအစာနှင့် သောက်သုံးရေစင်များစသည့် ဘေးဒဏ်သင့်ဒေသများ အရေးတကြီးလိုအပ်နေသော ပစ္စည်းများ ထောက်ပံ့မည်ဖြစ်သည်။



ပထမဆုံးကယ်ဆယ်ရေးအဖွဲ့သည် မတ်လ ၂၉ ရက်နံနက်တွင် ရန်ကုန်သို့ ရောက်ရှိခဲ့ပြီးဘေးဒဏ်သင့်ဒေသများသို့ အမြန်သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်မည်ဖြစ်သည်။ CIDCA ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Liu Junfeng အပါအဝင် အရာရှိများက လေဆိပ်တွင် ကယ်ဆယ်ရေးအဖွဲ့ကို ပို့ဆောင်ခဲ့သည်။
ဤမတိုင်မီ ယူနန်ပြည်နယ်မှ ဒေသဆိုင်ရာကယ်ဆယ်ရေးအဖွဲ့များသည် ပထမဦးဆုံး ရန်ကုန်သို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။ တရုတ်အစိုးရ၏ ပထမအသုတ်အကူအညီပစ္စည်းများကို မတ်လ ၃၁ ရက်နေ့တွင် စတင်ပို့ဆောင်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ လိုအပ်ချက်များအရ နောက်ထပ်အကူအညီများ ဆက်လက်ပံ့ပိုးသွားမည်ဖြစ်သည်။