
၂၉. ၃. ၂၀၂၅
Written by Nyein Kyaw
အိန္ဒိယနိုင်ငံမှ ငလျင်ဒဏ်သင့် မြန်မာပြည်သူများအတွက် အကူအညီများ ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး မြန်မာအစိုးရထံ ယနေ့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးက အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ အိန္ဒိယနိုင်ငံမှ ပထမအကြိမ်အဖြစ်ပေးပို့သော အကူအညီကယ်ဆယ်ရေးပစ္စည်းများအား သံအမတ်ကြီး Abhay Thakur မှ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းထံသို့ ရန်ကုန်မြိုတွင် ယနေ့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံမှ ပေးပို့သည့်အကူအညီများကို @IAF_MCC C-130 လေယာဉ်ဖြင့် စောင်၊ တာပေါ်လင်မိုးကာ၊ သန့်ရှင်းရေးပစ္စည်းများ၊ sleeping bags၊ နေရောင်ခြည်သုံးမီးအိမ်များ၊ အစားအသောက်ထုပ်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ သယ်ဆောင်လာကြောင်း အသိပေးထားသည်။
ထိုအပြင် ရှာဖွေကယ်ဆယ်ရေးအဖွဲနှင့် ဆေးဘက်ဆိုင်ရာအဖွဲ့များလည်း အဆိုပါ လေယာဉ်ဖြင့်လိုက်ပါလာကြကြောင်းနှင့် ဖြစ်ပေါ်လျက်ရှိသောအခြေအနေများကို ဆက်လက်စောင့်ကြည့်သွားပြီး နောက်ထပ်အကူအညီများကို ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။