
၂၉ .၃ .၂၀၂၅
Written by Hey Mar
ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်ဆီးဆုံးရှုံးမှုဖြစ်ပွားခဲ့တဲ့ ဒေသတွေမှာ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ပိုမိုထိရောက်အောင် လုပ်ကိုင်နိုင်ဖို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ တိုင်းနဲ့ပြည်နယ်တချို့က မီးသတ်တပ်ဖွဲ့ဝင်တွေကို ရွေးချယ်စေလွှတ်ပေးလျှက်ရှိနေတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံကနေ သိရပါတယ်။


ဒီနေ့ မတ်လ ၂၉ ရက်နေ့ မနက်ပိုင်းမှာ ဧရာဝတီတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်မျိုး ဦးဆောင်တဲ့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ နေပြည်ကောင်စီနယ်မြေဒေသတွေဆီ ထပ်မံထွက်ခွာသွားပြီ ဖြစ်သလို မွန်ပြည်နယ်က မီးသတ်တပ်ဖွဲ့ဝင်တွေလည်း ထွက်ခွာဖို့ အသင့်ဖြစ်နေပြီလို့ သိရပါတယ်။
အဆိုပါ တပ်ဖွဲ့ဝင်တွေအနေနဲ့ နေပြည်တော်နဲ့ မန္တလေးတိုင်းအတွင်း တာဝန်ခွဲဝေ စေလွှတ်ရာ နေရာတွေဆီ သွားရောက်ကူညီကြမှာဖြစ်ပြီး မွန်ပြည်နယ်မီးသတ်တပ်ဖွဲ့မှ တပ်စုခေါင်းဆောင်တစ်ဦးကို MT Newsက ချိတ်ဆက်မေးမြန်းကြည့်ရာမှာ “ကျွန်တော့်တပ်စုက ၃၅ ယောက်ပါပါတယ်။ မန္တလေးကို တာဝန်ကျပါတယ်။ အကုန်လုံးက အတွေ့အကြုံရှိ လေ့ကျင့်သားပြည့်ဝနေတဲ့ တပ်ဖွဲ့ဝင်တွေပါ။ ရှာကယ်ပစ္စည်းတွေ စနစ်တကျ သုံးတတ်အောင်လည်း လေ့ကျင့်မှာကြားပေးထားပါတယ်” လို့ ဆိုပါတယ်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်မယ့် တပ်ဖွဲ့ဝင်တွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူတွေက ကြည့်ရှု့စစ်ဆေးခဲ့ပြီး ချီးမြှင့်ငွေနဲ့ စားနပ်ရိက္ခာတွေလည်း ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။