
၂၉. ၃. ၂၀၂၅
Written by Nyein Kyaw
အိန္ဒိယနိုင်ငံမှ မြန်မာပြည်သူများအတွက် အရေးပေါ်လူသားချင်းစာနာထောက်ထားမှု အကူအညီ ပထမအသုတ်ကို စတင်ပေးပို့လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။





အိန္ဒိယနိုင်ငံမှ ပေးပို့သည့်အကူအညီများအား @IAF_MCC C-130 လေယာဉ်ဖြင့် စောင်၊ တာပေါ်လင်မိုးကာ၊ သန့်ရှင်းရေးပစ္စည်းများ၊ Sleeping bags၊ နေရောင်ခြည်သုံးမီးအိမ်များ၊ အစားအသောက်ထုပ်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ သယ်ဆောင်လာကြောင်း အသိပေးထားသည်။
ထို့အပြင် ရှာဖွေကယ်ဆယ်ရေးအဖွဲနှင့် ဆေးဘက်ဆိုင်ရာအဖွဲများလည်း အဆိုပါ လေယာဉ်ဖြင့်လိုက်ပါလာကြကြောင်းနှင့် ဖြစ်ပေါ်လျက်ရှိသောအခြေအနေများကို ဆက်လက်စောင့်ကြည့်သွားပြီး နောက်ထပ်အကူအညီများကို ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။